Trending Now

မြစ်ကြီးနားတွင် ဆိုင်ကယ်ချင်း တိုက်မိပြီး အသက် ၁၆ နှစ်အရွယ် လူငယ် တစ်ဦးသေဆုံး

Spread the love

မြစ်ကြီးနားတွင် ဆိုင်ကယ်ချင်း တိုက်မိပြီး အသက် ၁၆ နှစ်အရွယ် လူငယ် တစ်ဦးသေဆုံး

EPN
မြစ်ကြီးနား၊ မတ်လ ၂၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အင်ဂျန်ဒုံမြောက် ကြာရာပတ္တီး သွားလမ်းတွင် ဆိုင်ကယ်ချင်း မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြရာ အသက် ၁၆ နှစ်အရွယ် လူငယ် တစ်ဦးသေဆုံးခဲ့ရသည့် ဖြစ်စဉ်တစ်ခု ယမန်နေ့ ညနေ ၃ နာရီ ခွဲအချိန်တွင် ဖြစ်ပွားခဲ့ကြောင်း လူမူကယ်ဆယ်ရေး အသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ ၃ နာရီအချိန်ခန့်တွင် တပ်ကုန်းဘက်မှ ကြာရာပတ္တီးဘက်သို့ ခေါက်ဆွဲပို့ရန် သွားသည့် ဆိုင်ကယ်တစ်စီးနှင့် ကြာရာပတ္တီးဘက်မှ မောင်းနှင်လာသည့်လူငယ်နှစ်‌ဦး စီးလာသည့် ဆိုင်ကယ်တစ်စီးတို့ ကြာရာပတ္တီးရွာအဝင် အုတ်တံတားနားအနီး အရောက်တွင် မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြပြီး ခေါက်ဆွဲသွားပို့သည့် အသက် ၁၆ နှစ်အရွယ် လူငယ် ယောက်ျားလေးတစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ရကြောင်း မြစ်ကြီးနားလူမူကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“သတင်းကြားတာနဲ့ ကျွန်တော်တို့အဖွဲ့တွေသွားတော့ အဲ့လူငယ်လေးက အသက်မရှိတော့ဘူး သူက တစ်ယောက်ထဲ ခေါက်ဆွဲသွားပို့ရင်းကနေ အခုလိုဖြစ်သွားတာလို့ဘေးက လူတွေက ပြောကြတယ်၊ ဆိုင်ကယ် တိုက်တဲ့နေရာမှာပဲ ခေါင်းထိပြီးသေသွားတယ် ကျန်တဲ့နှစ်ယောက်ကတော့ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး ပြည်သူ့ ဆေးရုံကြီးမှာ ကုသခံယူနေတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ ဆိုင်ကယ်တိုက်မူကြောင့် သေဆုံးသူမှာ မိုးကောင်းမြို့နေသူ အသက် ၁၆ နှစ်အရွယ် မောင်ကျော်မျိုးသူ ဖြစ်ကြောင်း သိရပြီး ကျန်နှစ်ဦးမှာ တပ်ကုန်းရပ်ကွက်တွင်နေထိုင်သူဖြစ်ကြကြောင်းနှင့် တစ်ဦးမှာ ညာခြေထောက်ကျိုးဒဏ်ရာ၊ ဘယ်ပခုံးကျိုး ဒဏ်ရာများဖြင့် ပြည်သူ့ဆေးရုံကြီးတွင် ကုသခံယူနေကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၅ ရက်နေ့တွင်လည်း မြစ်ကြီးနားမြို့ ဒွမ်ဂမ်ကျေးရွာတွင် လမ်းလျှောက်နေသည့်အမျိုးသမီး ကြီးကို ဆိုင်ကယ်တစ်စီးဖြင့်ဝင်တိုက်မူကြောင့် အမျိုးသမီးကြီးမှာ ညာလက်နှင့်ဘေခြေတောက်ကျိုးခဲ့ရကြောင်း သိရသည်။

သံလွင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။