Trending Now

အယ်လ်ဂျီးရီးယား၊ နိုင်ဂျီးရီးယား နဲ့ နိုင်ဂျာတို့က ဥရောပကို ဓာတ်ငွေ့တင်ပို့ဖို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

Spread the love

အယ်လ်ဂျီးရီးယား၊ နိုင်ဂျီးရီးယား နဲ့ နိုင်ဂျာတို့က ဥရောပကို ဓာတ်ငွေ့တင်ပို့ဖို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး
EPN
နိုင်ငံတကာ၊ ဇူလှိုင် ၂၉
ရုရှားစွမ်းအင်ကို မှီခိုခြင်းကနေ ကင်ဝေစေးဖို့ ဥရောပသမဂ္ဂဟာ သဘာဝဓာတ်ငွေ့ တင်သွင်းမှုအတွက် အာဖရိကတိုက်ဖက်ကို ခြေဦးလည့်လာနေပြီး အယ်လ်ဂျီးရီးယား၊ နိုင်ဂျာ နဲ့ နိုင်ဂျီးရီးယားတို့က ဥရောပကို ဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
အယ်လ်ဂျီးရီးယား၊ နိုင်ဂျာ နဲ့ နိုင်ဂျီးရီးယားတို့ဟာ ကီလိုမီတာ ၄၀၀၀ (မိုင် ၂၅၀၀) ရှည်လျားတဲ့ ဆာဟာရဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ဖို့အတွက် ယမန်နေ့က နားလည်မှုစာချွန်လွှာမှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
အယ်လ်ဂျီးရီးယားစွမ်းအင်ဝန်ကြီးဌာနက ဥရောပကို ဓာတ်ငွေ့ ရောင်းချနိုင်ဖို့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို ဆာဟာရသဲကန္တာရကိုဖြတ်ပြီး သွယ်တန်းသွားမယ်လို့ ပြောဆိုခဲ့ပါတယ်။
ပိုက်လိုင်းသွယ်တန်းမှုအတွက် ဒေါ်လာ ၁၃ ဘီလီယံ (ယူရို ၁၂ ဒသမ ၇၅ ဘီလီယံ) အသုံးပြုသွားဖို့ ရည်ရွယ်ထားတာဖြစ်ပြီး ပိုင်လိုင်းဆောက်လုပ်ပြီးစီးပါက နှစ်စဉ် ဓာတ်ငွေ့ကုဗမီတာ ၃၀ ဘီလီယံ (၁ ထရီလီယံ ကုဗပေ) အထိ ပို့ဆောင်ပေးနိုင်မယ်လို့ ဆိုပါတယ်။
ရုရှားနိုင်ငံက ဥရောပကို ဓာတ်ငွေ့တင်ပို့မှုတွေကို လျော့ချနေပြီး ပေးပို့မှုဖြတ်တောက်မှာကို စိုးရိမ်နေရတဲ့အတွက် အီးယူအဖွဲ့ဝင်တွေဟာ ဓာတ်ငွေ့သုံးစွဲမှု လျှော့ချဖို့ ယခုသီတင်းပတ် အစောပိုင်းက သဘောတူညီခဲ့ကြပါတယ်။
Source – AFP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။