Trending Now

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ လဟယ်မြို့တွင် နာဂရိုးရာနှစ်သစ်ကူး ပွဲတော်ကို စည်းကားသိုက်မြိုက်စွာကျင်းပမည်

Spread the love

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ လဟယ်မြို့တွင် နာဂရိုးရာနှစ်သစ်ကူး ပွဲတော်ကို စည်းကားသိုက်မြိုက်စွာကျင်းပမည်

EPN
လဟယ်မြို့ ၊ ဒီဇင်ဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ လဟယ်မြို့တွင် နာဂရိုးရာပွဲတော်အား ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၄ရက်နှင့် ၁၅ရက်တို့တွင် ရိုးရာ အကများနှင့် အားကစားပြိုင်ပွဲများ ထည့်သွင်း၍ စည်ကားသိုက်မြိုက်စွာကျင်းပ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း နာဂဒေသစီမံအုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။

ကိုဗစ်၁၉ ရောဂါ ကြောင့် ၂ နှစ် ဆက်တိုက် မကျင်းပနိုင်ခဲ့သည့် နာဂ ရိုးရာနှစ်သစ်ကူးပွဲတော်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့တွင် စစ်ကိုင်း တိုင်း ဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသ၊ လဟယ်မြို့ မှာ ပြန်လည် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“နာဂရိုးရာ နှစ်သစ်ကူး ပွဲမှာ အားကစားပြိုင်ပွဲတွေ ပါဝင်မယ် အားကစား ပွဲတွေကိုတော့ ဒီဇင်ဘာ (၂၃)ရက်နေ့က စပြီး ကျင်းပမယ်။ ဆုပေးပွဲတွေလုပ်သွားမယ် ရိုးရာ အကတွေ မုဒ်ဦးဖွင့်ပွဲတွေ မီးပုံပွဲတွေလည်း ပါမယ် မြို့နယ်အလိုက် တော့ နာဂရိုးရာ နှစ်သစ်ကူးပွဲကို ပြုလုပ်ကြမှာဖြစ်တယ်။ အခက်အခဲအနေနဲ့ကတော့ ကိုဗစ်စည်းကမ်းအတိုင်းလုပ်ဖို့နဲ့ ကုန်ပစ္စည်းတွေ မှာယူတဲ့ အပိုင်းတွေမှာတော့ နည်းနည်းအခက်အခဲရှိတယ် “ဟု ၎င်းကရှင်းပြသည်။

နာဂရိုးရာနှစ်သစ်ကူး ပွဲတော်ကျင်းပရေးကော်မတီ နှင့် လုပ်ငန်းဆပ်ကော်မတီတွေရဲ့ လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ဒီဇင်ဘာ ၉ ရက် မနက်ပိုင်းက နာဂ ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်း အဝေးခန်းမမှာ ပြုလုပ်ခဲ့ကြသည်။

နာဂ ရိုးရာ နှစ်သစ်ကူးပွဲတော်ကို နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီး၊ လဟယ်နှင့် နန်းယွန်းမြို့ နယ်တွေမှာ အ လှည့်ကျစနစ်ဖြင့် စည်ကားစွာကျင်းပလေ့ရှိပြီး ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ၂ဝ၂၁ခုနှစ်တွင်မူ ကိုဗစ် ဖြစ်ပွားမှုကြောင့် နာဂရိုးရာနှစ်သစ်ကူး ပွဲတော်ကို ကျင်းပပြုလုပ်ခြင်းမရှိကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။