Trending Now

မြစ်ကြီးနားမြို့တွင် ပိုက်ကျော်ခြင်းရုံသစ်ဖွင့်ပွဲ အထိမ်းအမှတ် အမျိုးသား အလွတ်တန်း ၄ ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ

Spread the love

 

မြစ်ကြီးနားမြို့တွင် ပိုက်ကျော်ခြင်းရုံသစ်ဖွင့်ပွဲ အထိမ်းအမှတ် အမျိုးသား အလွတ်တန်း ၄ ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပ

EPN
မြစ်ကြီးနား ၊ ဖေဖော်ဝါရီ ၇ (၂၀၂၄)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ပိုက်ကျော်ခြင်းရုံသစ်ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် ယနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့၊ နံနက်ပိုင်းက အမျိုးသား အလွတ်တန်း ၄ ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မျိုးဆက်သစ် ပိုက်ကျော်ခြင်းကစားသမားများ ပေါ်ပေါက်လာစေရန်နှင့် ကချင်ပြည်နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာန၏ ပိုက်ကျော်ခြင်းရုံသစ်ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် အမျိုးသား အလွတ်တန်း ၄ ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ကချင်ပြည်နယ် ပိုက်ကျော်ခြင်းဆပ်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

” ဒီနေ့ပြိုင်ပွဲလေးကတော့ ကျွန်တော်တို့ ပိုက်ကျော်ခြင်း အားကစားသမားတွေအတွက် ပြုလုပ်ထားတဲ့ ပိုက်ကျော်ခြင်းအားကစားရုံသစ်ဖွင့်ပွဲ အထိမ်းအမှတ်အနေနဲ့ ကျင်းပဖြစ်တာ ဖြစ်တယ်။ အဓိက ကတော့ ကစားသမားတွေပေါ်ပေါက်လာစေဖို့၊ ပြည်နယ်ရဲ့ ပိုက်ကျော်ခြင်းအားကစား ဖွံ့ဖြိုးတိုးတက်လာစေဖို့ ရည်ရွယ်ပါတယ် ” ဟု ၎င်းကပြောသည်။

အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ပြည်နယ်အတွင်းရှိ ကလပ်အသင်း ၆ သင်း ပါဝင်ကာ ဖေဖော်ဝါရီလ ၇ ရက်နေ့မှ ၈ ရက်နေ့အထိ ပတ်လည်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်း အမျိုးသား အလွတ်တန်း ၄ ယောက်တွဲ ပြိုင်ပွဲတွင် ပထမဆု ၅ သိန်း၊ ဒုတိယဆု ၃ သိန်း၊ တတိယဆု ၂ သိန်းနှင့် နေရာအလိုက် အကောင်းဆုံး အားကစားသမားဆုများ ချီးမြှင့်သွားမှာဖြစ်ကြောင်း သိရသည်။

ယနေ့ ဖွင့်လှစ်သည့် ကချင်ပြည်နယ် ပိုက်ကျော်ခြင်း အားကစားရုံသစ်ကို အလျား ၁၂၀၊ အနံ ၉၀ ဖြင့် တည်ဆောက်ခဲ့ကာ ၂၀၂၃ – ၂၄ ခုနှစ် ပြည်နယ် ငွေလုံးငွေရင်း ရံပုံငွေဖြင့် သြဂုတ်လမှ စတင်ကာ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။