Trending Now

ချောင်းဦးမြို့နယ်မှာ PDF နဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့ ထိတွေ့တိုက်ပွဲဖြစ်

Spread the love

ချောင်းဦးမြို့နယ်မှာ PDF နဲ့ နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့ ထိတွေ့တိုက်ပွဲဖြစ်

EPN
ချောင်းဦး ၊ ဇွန် ၈

စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ ရွှေလှံကျေးရွာနားမှာ ဇွန် ၇ ရက် ၊ မနေ့က ညနေပိုင်းက နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့ နဲ့ PDF တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ချောင်းဦးမြို့နယ် အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ် ။

” ညနေ ၄ နာရီဝန်းကျင်မှာ ထိတွေ့မှုစဖြစ်တာပါ ၊ ရန်သူ့အလောင်း ၈ လောင်း၊ လက်လုပ်သေနတ် (၂)လက်၊ ၁၂ဗို့ကျည်(၅)တောင့်၊ လက်လုပ်ရှော့တိုက်မိုင်း(၂)လုံး၊ လက်လုပ်လက်ပစ်ဗုံး(၈)လုံး သိမ်းဆည်းရမိတယ် ” လို့ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် အဲ့ဒီ ထိတွေ့တိုက်ပွဲမှာ နယ်မြေရှင်းလင်းရေး စစ်ကြောင်းဘက်က ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့် သိရပါတယ်။

ပြီးခဲ့တဲ့ မေလကစလို့ စစ်ကိုင်းတိုင်းထဲက ၊ ဝက်လက် ၊ စစ်ကိုင်း ၊ မြင်းမူ ၊ အရာတော် ၊ ဘုတလင် ၊ ဒီပဲယင်း ၊ ခင်ဦး ၊ ရေဦး ၊ တန့်ဆည် ၊ မြောင် ၊ ချောင်းဦး ၊ ယင်းမာပင် စတဲ့မြို့နယ်တွေမှာ နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့နဲ့ PDF တို့အကြား မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။