Trending Now

ဘေကျင်းမြို့မှာ အစုလိုက် COVID-19 ကူးစက်မှုကြောင့် အလုံပိတ်ကန့်သတ်မှုတွေလုပ်ပြီးနောက်ပိုင်း လူ အမြောက်အမြားကို ရောဂါစစ်ဆေးနေ

Spread the love

ဘေကျင်းမြို့မှာ အစုလိုက် COVID-19 ကူးစက်မှုကြောင့် အလုံပိတ်ကန့်သတ်မှုတွေလုပ်ပြီးနောက်ပိုင်း လူ အမြောက်အမြားကို ရောဂါစစ်ဆေးနေ 

EPN
နိုင်ငံတကာ၊ ဇွန် ၁၅

COVID-19 ရောဂါပြန်ပေါ်လာသလားစိုးရိမ်မှုတွေရှိနေချိန်မှာ နိုင်ငံတ၀န်းခရီးသွားလာမှုအသိပေးချက်တွေ အစ ပြိုးစေခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်အစုလိုက်အပြုံလိုက်ကူးစက်မှုရှိနေတဲ့နောက်ပိုင်း အလုံပိတ်ကန့်သတ်မှုတွေ လုပ် ထားတဲ့ဘေကျင်းမှာ လူအမြောက်အမြားကို ရောဂါရှိမရှိစစ်ဆေးနေပါတယ်။

အခုနှစ်အစပိုင်းမှာ အလုံပိတ်ကန့်သတ်မှုတွေလုပ်ခဲ့ပြီးနောက်ပိုင်းမှာ ပြန်ဖြေလျှော့ခဲ့ပေမဲ့ ဗိုင်းရပ်စ်ပြန်တွေ့လို့ တရုတ်နိုင်ငံမှာ အလုံပိတ်ကန့်သတ်မှုတွေရှိနေတာပါ။ မြို့တော်ဘေကျင်းက လက်ကားအစားအစာစျေးတစ် စျေးမှာ အစုလိုက်ကူးစက်မှုတွေရှိခဲ့ပါတယ်။

တနင်္ဂနွေနေ့မှာ ကူးစက်ခံရသူ ၅၇ ယောက်ရှိခဲ့တယ်လို့ တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က အစီရင် ခံခဲ့ပြီး ၃၆ ယောက်ဟာ ရှင်ဖာဒီစျေးနဲ့ဆက်စပ်နေတဲ့ဘေကျင်းမြို့က ပြည်တွင်းကူးစက်ခံရသူတွေပါ။

နောက်ထပ်ပြည်တွင်းကူးစက်ခံရသူ ၂ ယောက်ကတော့ ရုရှားနဲ့နယ်စပ်လျောင်နင်းပြည်နယ်က ၁ ယောက်နဲ့ ဘေကျင်းကကူးစက်ခံရသူတွေနဲ့ထိတွေ့သူ ၁ ယောက်တို့ဖြစ်ပါတယ်။

နောက်ထပ် ၁၉ ယောက်ကတော့ ပြည်ပကပြန်လာတဲ့တရုတ်နိုင်ငံသားတွေပါ။

ဘေကျင်းမြို့ကို၀င်လာတဲ့သူတွေကို အသွားအလာစောင့်ကြည့်ကန့်သတ်သွားမယ်လို့ ဒေသအာဏာပိုင်တချို့ က ပြောတယ်ဆိုပြီး အစိုးရမီဒီယာကဖော်ပြပါတယ်။

ဘေကျင်းမှာ မြို့ရဲ့လတ်ဆတ်တဲ့အစားအစာတွေကိုထောက်ပံ့ပေးတဲ့စျေးနဲ့နီးစပ်တဲ့လူနေဧရိယာ ၁၁ ခုကို အလုံပိတ်ကန့်သတ်မှုတွေလုပ်လိုက်တာပါ။

အဲဒီနေရာတွေနားမှာရှိတဲ့ဒေသခံ ၄၆၀၀၀ ယောက်ကို ဗိုင်းရပ်စ်ကူးစက်ခံရမှုရှိမရှိစစ်ဆေးသွားမယ်လို့ အာ ဏာပိုင်တွေက တနင်္ဂနွေနေ့မှာပြောပြီး ရှင်ဖာဒီစျေးမှာအလုပ်လုပ်သူတိုင်းကတော့ မဖြစ်မနေစစ်ဆေးခံရမှာပါ။

တနင်္ဂနွေနေ့မှာ အဲဒီနေရာတွေကလူ ၁၀၈၈၁ ယောက်ကို စစ်ဆေးခဲ့ပြီး ထပ်တိုးအတည်ပြုလူနာ ၈ ယောက်ရှိခဲ့ ပါတယ်။

Ref : COVID-19 Mass testing in Beijing after new cluster triggers lockdowns


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။