Trending Now

တရုတ်နှင့် ရုရှားတို့ ပူးတွဲလေကြောင်းကင်းလှည့်မှု ပြုလုပ်ခဲ့

Spread the love

တရုတ်နှင့် ရုရှားတို့ ပူးတွဲလေကြောင်းကင်းလှည့်မှု ပြုလုပ်ခဲ့

EPN
နိုင်ငံတကာ၊ ဇွန် ၆

ရုရှားနှင့် တရုတ်တို့သည် အရှေ့တရုတ်ပင်လယ်နှင့် ဂျပန်ပင်လယ်တို့၌ ပူးတွဲကင်းလှည့်ခြင်းတာဝန်ကို ယနေ့ ဇွန်လ ၆ ရက်နေ့က ဆောင်ရွက်ခဲ့ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဆဋ္ဌမအကြိမ်မြောက် ပူးတွဲလေကြောင်း ဗျူဟာကင်းလှည့်ခြင်းသည် မော်စကိုနှင့် ပေကျင်းကြား ၂၀၁၉ ခုနှစ်မှစတင်ခဲ့သည့် နှစ်စဉ် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ၎င်း၏ တရားဝင် Weibo အကောင့်တွင် ဖော်ပြထားသည်။

ရုရှားနှင့် တရုတ်တို့သည် ၎င်းတို့၏ လက်နက်ကိုင်တပ်ဖွဲ့များကြား အပြန်အလှန်ယုံကြည်မှု တိုးမြှင့်ရန်အတွက် ၎င်းတို့၏ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန် မတ်လတွင် သဘောတူညီခဲ့ကြသည်။

ကင်းလှည့်မှုအတွင်း ရုရှားနှင့် တရုတ်စစ်လေယာဉ်လေးစင်းသည် ကိုရီးယားကျွန်းဆွယ်၏ တောင်နှင့် အရှေ့ဘက်ရှိ ၎င်း၏လေကြောင်းကာကွယ်ရေးဇုန်သို့ ဝင်ရောက်လာခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က အသိပေးထားသည်။

ပြီးခဲ့သည့်နိုဝင်ဘာလက တရုတ်နှင့် ရုရှားတို့၏ နောက်ဆုံးပူးတွဲလေကြောင်း ကင်းလှည့်မှုအတွင်းကလည်း တောင်ကိုရီးယား လေကြောင်းရန်ကာကွယ်ရေး သတ်မှတ်ဇုန် (KADIZ) အတွင်းသို့ တရုတ် H-6K ဗုံးကြဲလေယာဉ်များ၊ ရုရှား TU-95 ဗုံးကြဲလေယာဉ်များနှင့် SU-35 တိုက်လေယာဉ်များ ဝင်ရောက်ခဲ့သည်ဟု တောင်ကိုရီးယားက ပြောကြားခဲ့သည်။

အလားတူ တရုတ်ဗုံးကြဲလေယာဉ်များနှင့် ရုရှားမောင်းသူမဲ့လေယာဉ်နှစ်စင်း ဂျပန်ပင်လယ်ထဲသို့ ပျံသန်းပြီးပြီးနောက် ဂျပန်နိုင်ငံဘက်ကလည်း ဂျက်လေယာဉ်များဖြင့် ပြန်လည်မွှေနောက်ရှာဖွေခဲ့သည်။

အမေရိကန်၊ ဂျပန်နှင့် ဖိလစ်ပိုင်တို့သည် လွန်ခဲ့သည့် ရက်သတ္တပတ်က တောင်တရုတ်ပင်လယ်တွင် ၎င်းတို့၏ ပထမဆုံး သုံးနိုင်ငံရေတပ် စစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ကြသည်။

Ref; reuters

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။