Trending Now

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေရှိ စေတီ ၁၀ ဆူအား မိုးကြိုး လွှဲများတပ်ဆင်မည်

Spread the love

ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေရှိ စေတီ ၁၀ ဆူအား မိုးကြိုး လွှဲများတပ်ဆင်မည်

EPN
ညောင်ဦး၊ အောက်တိုဘာ ၆ (၂၀၂၃)

မန္တ‌လေးတိုင်း၊ ညောင်ဦးခရိုင်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ် မြေရှိ လူသိများထင်ရှားသော နာမည်ကြီးစေတီ ၁၀ ဆူအား မိုးကြိုးလွှဲများတပ်ဆင်သွားမည်ဖြစ်ကြောင်း ပုဂံရှေးဟောင်း သုတေသနဌာနထံမှ သိရသည်။

အဆိုပါ မိုးကြိုးလွှဲတပ်ဆင်မည့် စေတီပုထိုးများမှာ အမှတ် ၇၄၄ ပံသကူမဟာထေရ်၊ အမှတ် ၇၄၈ စူဠာမဏိဘုရားစေတီ၊ အမှတ် ၇၇၁ ဓမ္မရံကြီး၊ အမှတ် ၈၀၃ ပြဿဒ်ကြီး၊ အမှတ် ၉၄၇ ဓမ္မရာဇ က စေတီ၊ အမှတ် (၁၂၄၀) မနူဟာ၊ အမှတ် ၁၃၂၀ မြစေတီ၊ အမှတ် ၁၅၆၈ ရွှေဆံတော်၊ အမှတ် ၁၆၇၀ မဟာဗောဓိ၊ အမှတ် ၁၈၁၂ ထီးလိုမင်းလိုစေတီ တို့ဖြစ်ကြောင်း သိရသည်။

”ပုဂံဘုရားတွေမှာ မိုးကြိုးထိမှန်ပြီးပျက်စီးတာတွေ ကြုံ တွေ့ လာရလို့ မိုးကြိုးလွှဲများ တပ်ဆင်ဖို့ကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။အထင်ကရ ဘုရားစေတီ ၁၀ ဆူကို မိုးကြိုးလွှဲတွေ တပ်ဆင်သွားမှာပါ။”ဟု ပုဂံရှေးဟောင်း သုတေသနဌာနမှ တာဝန်ရှိသူတစ်ဦး ကပြောသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က ငလျင်ဒဏ်သင့်ခဲ့သည့် ပုဂံဒေသရှိ စေတီပုထိုးများအား ပြန်လည်ပြုပြရာ၌ သံနှင့်ကွန်ကရစ်များ အသုံးပြုထားသည့် အတွက် ပုဂံဒေသရှိ စေတီပုထိုးများ မကြာ ခဏ မိုးကြိုးစက်ကွင်းထိမှန်မှုများ ဖြစ်ပေါ်နေခြင်း ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ယခုနှစ်မိုးရာသီကာလအတွင်း ဗူးဘုရားစေတီနှင့် ဓမ္မရာဇကစေတီ တို့၌ မိုးကြိုးထိမှန်ခဲ့သည့်အတွက် ပြန်လည် ပြုပြင်မှုများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။