Trending Now

ကမ္ဘာ့ပဉ္စမမြောက်အမြင့်ဆုံး မိုးမျှော်တိုက်ပေါ်ကို လက်ဗလာနဲ့ တက်ရောက်ခဲ့တဲ့ ဗြိတိန်အမျိုးသား ဖမ်းဆီးခံရ

Spread the love

ကမ္ဘာ့ပဉ္စမမြောက်အမြင့်ဆုံး မိုးမျှော်တိုက်ပေါ်ကို လက်ဗလာနဲ့ တက်ရောက်ခဲ့တဲ့ ဗြိတိန်အမျိုးသား ဖမ်းဆီးခံရ

EPN
နိုင်ငံတကာ၊ ဇွန် ၁၃

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာရှိတဲ့ ကမ္ဘာ့ပဉ္စမမြောက်အမြင့်ဆုံး မိုးမျှော်တိုက်ပေါ်ကို လက်ဗလာနဲ့ တက်ရောက်ခဲ့တဲ့ ဗြိတိန်အမျိုးသားတစ်ဦးကို တနင်္လာနေ့က ထိန်းသိမ်းခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

တနင်္လာနေ့ မနက်ပိုင်းက အထပ်ပေါင်း ၁၂၃ ထပ်၊ ၅၅၅ မီတာ (၁,၈၂၀ ပေ) မြင့်တဲ့ Lotte World Tower အဆောက်အဦးပေါ်ကို လက်ဗလာနဲ့ တက်ရောက်နေတဲ့ အမျိုးသားတစ်ဦးကို တွေ့ရှိခဲ့ပြီး အာဏာပိုင်တွေက ရဲတပ်ဖွဲ့ဝင်တွေနဲ့ တခြားဝမ်ထမ်းပေါင်း ၉၀ ကျော် စေလွတ်ခဲ့ရပါတယ်။

အသက် ၂၀ အရွယ် အဆိုပါအမျိုးသားဟာ အမြင့် ၃၁၀ မီတာ( ၁၀၂၀) ခန့်မြင့်တဲ့ ၇၂ ထပ်ကို ရောက်ရှိလာချိန်မှာ တာဝန်ရှိသူတွေက သူ့ကို ဂွန်ဒိုလာဓာတ်လှေကားပေါ်သို့ ခေါ်ဆောင်ပြီး အဆောက်အအုံအတွင်းဘက်ကို ရွှေ့ပြောင်းပေးခဲ့ကြတယ်လို့ ဆိုပါတယ်။

တောင်ကိုရီး ယားမီဒီယာက အဲဒီအမျိုးသားဟာ အလွတ်တောင်တက်သမား George King-Thompson ဖြစ်တယ်လို့ ဖော်ပြခဲ့ပြီး သူက အဆောက်အဦးရဲ့ ထိပ်ဆုံးကနေ လေထီးနဲ့ ခုန်ချလိုကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

မီးသတ်နဲ့ ရဲအာဏာပိုင်တွေကတော့ အဲဒီအမျိုးသားရဲ့ အမည်နဲ့ သူ့ရဲ့ရည်ရွယ်ချက်ကို ချက်ချင်းအတည်မပြုခဲ့ပေမယ့် သူ့ကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ပြောကြားခဲ့ပါတယ်။

King-Thompson ဟာ လန်ဒန်မြို့တော်က အမြင့် ၃၁၀ မီတာ(၁၀၁၇ ပေ)ရှိတဲ့ အမြင့်ဆုံးမိုးမျှော်တိုက်ပေါ်ကို တက်ရောက်ခဲ့တဲ့အတွက် ၂၀၁၉ ခုနှစ်မှာ ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ခြောက်လ ချမှတ်ခံခဲ့ရပါသေးတယ်။

Lotte Property ကုမ္ပဏီက အဲဒီဗြိတိန်နိုင်ငံသားနဲ့ ဘယ်လို့ဆောင်ရွက်သွားရမယ်ဆိုတာကို ဆွေးနွေးဖို့မျှော်လင့်ထားကြောင်း ကုမ္ပဏီတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

Ref; AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။