Trending Now

ဆီဘောက်ဆာယာဉ်အောက်တွင် ဖခင်နှင့်အတူ အိပ်နေစဉ်အတွင်း ပျောက်သွားသည့် ကလေးအား ၅ ရက်အကြာ၌ ရုပ်အလောင်းသာ ပြန်တွေ့

Spread the love

ဆီဘောက်ဆာယာဉ်အောက်တွင် ဖခင်နှင့်အတူ အိပ်နေစဉ်အတွင်း ပျောက်သွားသည့် ကလေးအား ၅ ရက်အကြာ၌ ရုပ်အလောင်းသာ ပြန်တွေ့

EPN

ပခုက္ကူ၊ ဖေဖော်ဝါရီ ၂၂

ပခုက္ကူမြို့တွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ဆီဘောက်ဆာယာဉ်အောက်၌ ဖခင်နှင့်အတူ အိပ်နေစဉ်အတွင်း ပျောက်သွားသည့် ခြောက်နှစ်အရွယ် ကလေး၏ ရုပ်အလောင်းအား ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက် နံနက် ၉ နာရီဝန်းကျင်ခန့်တွင် ရွှေမုဌောဘုရားအနီး (ယခင်ရေကန်ဟောင်း)၌ တွေ့ရသည်ဟု သိရသည်။

ပဲခူးမြိုမှ ဖခင်နှင့်အတူ ဆီဘောက်ဆာယာဉ်ဖြင့် လိုက်ပါလာသော အဆိုပါ အသက်ခြောက်နှစ်အရွယ် မောင်ချစ်မင်းသာဆိုသည့် ကလေးငယ်သည် ပခုက္ကူမြို့၊ New Day ဆီဆိုင်တွင် ဆီဖြည့်ပြီးနောက် ထိုယာဉ်အောက်တွင် ဖခင်နှင့် အတူအိပ်နေစဉ်အတွင်း ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။

“ကလေးရဲ့ ကိုယ်မှာ ဘာဒဏ်ရာမှ မတွေ့ဘူး။ ရေနစ်ပြီးသေတယ်လို့ ယူဆရတယ်” ဟု ကူညီဆောင်ရွက်ပေးခဲ့သည့် ဒေသခံ ပရဟိတ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

ကလေး၏ ရုပ်အလောင်းကို ရွှေမုဌောဘုရားအနီး (ယခင်ရေကန်ဟောင်း) ယနေ့ နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း သိရပြီး ပုညမုဒိတာ (ကျန်းမာရေးစောင့်ရှောက်မှုနှင့် သွေးလှူအသင်း) အကူအညီဖြင့် ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။