Trending Now

အကြမ်းဖက်သမားတွေက လူနေရပ်ကွက်ထဲ လက်နက်ကြီးနဲ့ ပစ်ခတ်လို့် ကလေးငယ် တစ်ဦးသေဆုံးကာ၊ လူနှစ်ယောက် ပြင်းထန်ဒဏ်ရာရ

Spread the love

အကြမ်းဖက်သမားတွေက လူနေရပ်ကွက်ထဲ လက်နက်ကြီးနဲ့ ပစ်ခတ်လို့် ကလေးငယ် တစ်ဦးသေဆုံးကာ၊ လူနှစ်ယောက် ပြင်းထန်ဒဏ်ရာရ

EPN
ဘုတလင်၊ ဖေဖော်ဝါရီ ၂၂

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့၊ မြဝတီရပ်ကွက်၊ ၄ လမ်းမြောက်နေရာကို ဖေဖော်ဝါရီ ၂၁ ရက်၊ မနေ့က မနက်အစောပိုင်းမှာ အကြမ်းဖက်သမားတွေက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာကြောင့် လူနေရပ်ကွက်ထဲက အများပြည်သူ နေအိမ်တချို့အပေါ် ကျရောက်ပေါက်ကွဲတဲ့အတွက် ကလေးငယ်တစ်ဦးသေဆုံးကာ၊ လူ နှစ်ဦး ပြင်းထန်ဒဏ်ရာ ရခဲ့တယ်လို့ လူမှုကူညီရေးအဖွဲ့တွေထံက သိရပါတယ်။

“လက်နက်ကြီးကျည်က လူနေအိမ်ပေါ်ကျရောက် ပေါက်ကွဲတာပါ၊ အိမ်ထဲမှာရှိတဲ့ မိသားစု သုံးယောက်စလုံး လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရတယ် ” လို့ ပရဟိတ စေတနာ့ဝန်ထမ်း သမားတစ်ယောက်က ဆိုပါတယ်။

အဲ့ဒီ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာနဲ့ ပတ်သက်လို့ ဘုတလင်မြို့နယ်ရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူ တစ်ဦး ပြောတာက ” မြဝတီရပ်ကွက် ၄ လမ်းထဲက ဦးအောင်စစ်လွင်ရဲ့ နေအိမ်ပေါ်ကျရောက်ပေါက်ကွဲတာပါ၊ အဲ့ဒီ ပေါက်ကွဲမှုကြောင့် အိမ်ရှင် ဦးအောင်စစ်လွင်ရဲ့ ခြေထောက် ၂ ဖက်စလုံး ကြေမွစုပ်ပြဲဒဏ်ရာရတယ် ၊ သူ့မိန်းမ ဒေါ်ခင်စန္ဒာထွန်းရဲ့ တင်ပါးဆုံနေရာ ပေါက်ပြဲဒဏ်ရာရတယ် ၊ နောက်ပြီး သူတို့ရဲ့သား ဖြစ်သူ အသက် ၁၀နှစ်အရွယ် မောင်ဘုန််ပြည်သာ ကတော့ ယာဘက် ရင်အုံတခြမ်းထိပြီး ဆေးရုံအရောက်မှ ဆုံးသွားတာ ” လို့ ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းက ဘုတလင်မြို့နယ်မှာ ခရီးသည်တင်ကားတွေ၊ တိုးလ်းဂိတ်တွေနဲ့ အများပြည်သူ ပိုင်ဆိုင်တဲ့ အဆောက်အဦးတွေကို အကြမ်းဖက်သမားတွေက ပစ်မှတ်ထား မိုင်းခွဲတိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပါသေးတယ်။

သွန်းသွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။