Trending Now

ဖိလစ်ပိုင်ရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲ အပေါ် ICC က စုံစမ်းစစ်ဆေးမှု ပြန်စမယ်

Spread the love

ဖိလစ်ပိုင်ရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ပွဲ အပေါ် ICC က စုံစမ်းစစ်ဆေးမှု ပြန်စမယ်

EPN
နိုင်ငံတကာ၊ ဇူလိုင် ၂၂

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) က ဖိလစ်ပိုင်ရဲ့ “မူးယစ်ဆေးတိုက်ဖျက်ရေးစစ်ပွဲ” မှာ လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ရှိခဲ့နိုင်ခြေနဲ့ ပတ်သက်ပြီး ပြန်လည် စုံစမ်းစစ်ဆေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ICC ရဲ့ အယူခံရုံးက အင်္ဂါနေ့မှာ အဲဒီစုံစမ်းစစ်ဆေးမှုကို ဆန့်ကျင်တဲ့ ဖိလစ်ပိုင်အစိုးရရဲ့ အသနားခံမှုကို မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက်မှာ ငြင်းပယ်မဲအများဆုံးရရှိခဲ့ပြီးနောက် အဲဒီဆုံးဖြတ်ချက် ထွက်ပေါ်လာတာပါ။

သမ္မတဟောင်း ဒူတာတေး ဦးဆောင်တဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်ကို စုံစမ်းစစ်ဆေးဖို့အတွက် ICC ရဲ့ စုံစမ်းစစ်ဆေးရေးအရာရှိရုံးကို ၂၀၂၁ ခုနှစ်မှာ ICC ရဲ့ ကြိုတင်စစ်ဆေးရေးဌာနက ခွင့်ပြုခဲ့ပါတယ်။

အဲဒီတိုက်ဖျက်ရေးလုပ်ငန်းစဉ်ဟာ လက်တွေ့အားဖြင့် ရဲတွေကို သံသယရှိသူတွေကို သတ်ဖြတ်ဖို့ ခွင့်ပြုထားတာကြောင့် ဖိလစ်ပိုင်အစိုးရက အတည်ပြုခဲ့တဲ့ ကိန်းဂဏန်းအရ အနည်းဆုံး သေဆုံးသူ ၆,၀၀၀ ကျော် ရှိပါတယ်။

ကိုယ်တိုင် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဆိုတဲ့ ဖိလစ်ပိုင်အစိုးရရဲ့ တောင်းဆိုမှုကြောင့် ICC ရဲ့ စုံစမ်းစစ်ဆေးမှုကို ၂၀၂၁ ခုနှစ်အနှောင်းပိုင်းမှာ ရပ်ဆိုင်းခဲ့ပါတယ်။

ဒါပေမဲ့ ဖိလစ်ပိုင်အစိုးရရဲ့ စုံစမ်းစစ်ဆေးမှုလုပ်ငန်းစဉ်အပေါ် မကျေနပ်တာကြောင့် ICC က စုံစမ်းစစ်ဆေးမှုကို အခုနှစ်မှာ ပြန်စဖို့ ခွင့်ပြုခဲ့ပါတယ်။

ဖိလစ်ပိုင်အစိုးရဟာ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ ရှိလာမှာကို တားမြစ်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ ICC ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး အသနားခံခဲ့ပါတယ်။

ref; NHK

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။