Trending Now

မချမ်းဘောမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ၃၆ ဦး ဝင်ရောက်ဖြေဆိုမည်

Spread the love

မချမ်းဘောမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ၃၆ ဦး ဝင်ရောက်ဖြေဆိုမည်

EPN
ပူတာအို၊ မတ်လ ၈ (၂၀၂၄)

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင်၂၀၂၄ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှ ၁၉ ရက်နေ့ထိ ကျင်းပမည့် တက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ ၃၆ ဦး ဝင်ရောက်ဖြေဆိုမည် ဖြစ်ကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုရာတွင် မချမ်းဘော အခြေခံပညာ အထက်တန်းကျောင်းမှ အတွင်းဖြေ ဖြေဆိုသူ ၁၄ ဦး၊ အပြင်ဖြေဆိုသူ၁ ဦး၊ အခြေခံ ပညာ အထက်တန်းကျောင်း ထရန်ဒမ်းမှ အတွင်းဖြေ ဖြေဆိုသူ ၁၃ ဦး၊ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)နမ်ခမ်မှ အတွင်းဖြေ ဖြေဆိုသူ ၈ ဦး စုစုပေါင်း အတွင်းအပြင် ဖြေဆိုသူ ၃၆ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး၊ မချမ်းဘောမြို့နယ်၌ အ.ထ.က (မချမ်းဘော)စာစစ်ဌာန တစ်ခုတည်း၌သာ ဆောင်ရွက်သွားမည် ဖြစ်သည်။

အဆိုပါ တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုနေစဥ် ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးနှင့် မလိုလားအပ်သော အဖျက်အမှောင့်လုပ်ငန်းများ ကာကွယ်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဆရာ၊ ဆရာမများ၊ မြို့နယ်ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကသစ်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။