Trending Now

သမိ‌ဒ္ဓေါဒယ သီလရှင်စာသင်တိုက်တွင် တည်ထားကိုးကွယ်မည့် လိုတရ အောင်တော်မူ နဂါးရုံဘုရား ဌာပနတော်သွင်း မင်္ဂလာ အခမ်းအနား ကျင်းပ

Spread the love

သမိ‌ဒ္ဓေါဒယ သီလရှင်စာသင်တိုက်တွင် တည်ထားကိုးကွယ်မည့် လိုတရ အောင်တော်မူ နဂါးရုံဘုရား ဌာပနတော်သွင်း မင်္ဂလာ အခမ်းအနား ကျင်းပ

EPN
မြစ်ကြီးနား ၊ စက်တင်ဘာ ၉

ကချင်ပြည်နယ် ၊မြစ်ကြီးနားမြို့၊ယုဇနရပ်ကွက် သမိ‌ဒ္ဓေါဒယသီလရှင်စာသင်တိုက်တွင် ဒေါ်သုကောသီအား ရည်စူးပြီး ဒေါ်ကုမာရီ၊ ဒေါ်ဩဘာသီတို့အား အမှူးထာ၍ (၇)ရက်သားသမီးများက စုပေါင်း တည်ထား ကိုးကွယ်မည့် လိုတရ အောင်တော်မူ နဂါးရုံဘုရား ဌာပနသွင်းပွဲကို ယနေ့ မနက်ပိုင်းက ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ကြွရောက်ကြသည့် ပရိတ်သတ်များက နမော တဿ သုံးကြိမ်ရွတ်ဆိုခဲ့ကြပြီး မြစ်ကြီးနားမြို့ ခေမာသီဝံကျောင်းတိုက် အဂ္ဂမဟာပဏ္ဍိတ နှင့် နိုင်ငံတော်သံဃမဟာနာယက ဆရာတော် ဘဒ္ဒန္တစန္ဒာဝရာဘိဝံသ ဆရာတော်ကြီးများထံမှ (၉)ပါးသီလခံယူဆောက်တည်ခဲ့ကြသည်။

ထိုနောက် ဆရာတော် အရှင်သူမြတ်များနှင့် သံဃာတော်များထံမှ မေတ္တာသုတ်ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြပြီး လိုတရ အောင်တော်မူ နဂါးရုံဘုရားတွင် ဌာပနာသွင်းတော်မူမည့် ရုပ်ပွားဆင်းတုတော်များ ၊ရွှေထည်၊ငွေထည်များနှင့် အခြံအရံ ပစ္စည်းများကို ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

အဆိုပါ လိုတရ‌အောင်‌တော်မူနဂါးရုံဘုရားတွင် ဌာပနာသွင်းမည့် ရုပ်ပွားဆင်းတုတော်များ ရွေ၊ငွေ၊ ပစ္စည်းများနှင့် တကွ ဆုတောင်းပြည့် နဂါးရုံဘုရားအား ဒါယိကာ၊ဒါယိကာမ များမှ ပင့်ဆောင်၍ လက်ယာရစ်သုံးကြိမ်လှည့်လည် အပူဇော်ခံခဲ့ကြသည်။

ယင်းနောက် ဆရာတော်အရှင်သူ မြတ်ကြီးများနှင့် မြို့နယ်သံဃာနာယက ဥက္ကဌ ၊ ကချင်အထူးဒေသ(၁) ဆက်ဆံရုံး မိသာစုတိူ့မှ ဦးခင်မောင်ကျော် ၊ဦးယော်ယိမ်း၊ဦးတွမ်ပီချင်းတို့က ဝဏ္ဏာကျော်ထင် ဦးဇခုန်တိန့်ယိမ်းအား အမူထား၍ ရုပ်ပွားဆင်တုတော်များ ကိုနေရာချကာ ဌာပနာတော်သွင်း မင်္ဂလာအခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

ထို့နောက် ဝဏ္ဏာကျော်ထင် ဦးဇခုန်တိန့်ယိမ်းအား အမှူးထား၍ ကချင်အထူးဒေသ(၁)ဆက်ဆံရေးရုံး မိသားစုမှ သမိဒ္ဓေါဒယသီလရှင်စာသင်တိုက်မှ ဆရာလေးများအတွက် နေ့ဆွမ်းနှင့် ဧည့်ပရိတ်သတ်များအတွက် နေ့လည်စာများကို ကျွေးမွေးလှူဒါန်းခဲ့ကြသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။