Trending Now

တရုတ်နိုင်ငံတင်ပို့မည့် ခိုင်းနွားများ ဗန်းမော်သို့ရောက်ရှိ

Spread the love

တရုတ်နိုင်ငံတင်ပို့မည့် ခိုင်းနွားများ ဗန်းမော်သို့ရောက်ရှိ

EPN
ဗန်းမော်၊ မေ ၁၆

ကချင်ပြည်နယ် ဗန်းမော်မြို့ ပေါက်ကုန်းရပ်ကွက်အနီး ပညာ့ရိပ်သာရပ်အနီး လယ်ကွင်းအတွင်းတွင် တရုတ်နိုင်ငံသို့ တင်ပို့မည့် ခိုင်းနွားများ ရောက်ရှိနေကြောင်း ဒေသခံတစ်ဦး ထံမှသိရသည်။

အဆိုပါနွားများကို စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်ဘက်မှ လူ ၅ ဦးခန့်က မောင်းနှင်ခဲ့ကြပြီး ဗန်းမော်မြို့သို့ မေလ ၁၄ ရက်နေ့က ရောက်ရှိကာ ပညာ့ရိပ်သာရပ်အနီးရှိ လယ်ကွင်းတွင် နွားများအား စားကျက်လှန်ထားပြီး အဆိုပါ နွားများအား စောင့်ရှောက်သည့်အဖွဲ့မှာ ယင်းလယ်ကွင်းထဲ၌ပင် တဲထိုး၍ အိပ်ကြသည်ဟု သိရသည်။

တရားမဝင် နွားမှောင်ခိုကူးသူများသည် နွားများကို စက်လှေများဖြင့် သယ်ယူခဲ့ကြပြီး တပ်ကလေးမြစ်ဆိပ်တွင် ၁၀ ဘီးကား၊ ၁၂ ဘီး ကားပေါ်တွင် တင်ဆောင်၍ တရုတ်နိုင်ငံသို့ သယ်ယူတင်ပို့ကြောင်း ဗန်းမော်မြို့ခံတစ်ဦးက ဆိုသည်။

“ကျွန်တော်တို့က နွားမောင်းတဲ့သူတွေပါ။ ကန့်ဘလူမြို့နယ်ကပါ။ ဒီကို တခါမှ မရောက်ဖူးဘူး။ တောင်ပေါ်မှာ နွားတွေပြည့်နေလို့ ဒီမှာ ရပ်နားထားတာပါ။ အားလုံး ၅၂ ကောင်ပါ။ တရားဝင်သလား မဝင်လားမသိဘူး။ လောပန်းကတော့ ၃ မိုင်ကဘဲ” ဟု နွားမောင်းသူ (နွားစောင့်ရှောက်သူ) အမျိုးသားတစ်ဦးက ပြောသည်။

၎င်းတို့အဖွဲ့ထံမှ အမျိုးသမီးတစ်ဦးက ငွေကျပ် သုံးသောင်း လာတောင်း၍ ပေးလိုက်ရကြောင်းနှင့် ၎င်း၏ ယာခင်းအတွင်း၌ နွားစားကျက်ပြုလုပ်၍ လာတောင်းသည်ဟု ထင်မြင်မိကြောင်း ၎င်းကဆက် ဆိုသည်။

ဗန်းမော်သုမိန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။