Trending Now

ဘင်္ဂလားဒေ့ရ်ှအာဏာရပါတီခေါင်းဆောင်ကို နှာခေါင်းစည်းလိမ်လည် တင်ပို့မှုဖြင့် အစိုးရတရားစွဲ

Spread the love

ဘင်္ဂလားဒေ့ရ်ှအာဏာရပါတီခေါင်းဆောင်ကို နှာခေါင်းစည်းလိမ်လည် တင်ပို့မှုဖြင့် အစိုးရတရားစွဲ 

EPN
နိုင်ငံတကာ၊ ဇွန် ၉

KN95 နှာခေါင်းစည်းတင်ပို့ဖို့ လိမ်လည်ထားတဲ့စာရွက်စာတမ်းတွေ အသုံးပြုခဲ့တယ်ဆိုပြီး ဘင်္ဂလားဒေ့ရ်ှနိုင်ငံရဲ့ အာဏာရပါတီအဝါမီလိဂ်ရဲ့ခေါင်းဆောင် အမီနူးအစ္စလမ်ကို ဆေးဝါးကြီးကြပ်ကွပ်ကဲမှုဆိုင်ရာ အထွေထွေညွှန် ကြားမှုဌာန DGDA က တရားစွဲလိုက်ပါတယ်။

ပါတီပြန်ကြားရေးဒုတိယအတွင်းရေးမှူးက တာ၀န်ရှိတယ်ဆိုတာငြင်းဆိုထားပြီး သူ့ရဲ့အီလန်ကော်ပိုရေးရှင်းရဲ့ တင်သွင်းခွင့်လိုင်စင်ကို တာဂျူးအစ္စလမ်ဆိုတဲ့လူကို သုံးခွင့်ပေးလိုက်တယ်လို့ပြောပါတယ်။

အထူးအာဏာရသူများဆိုင်ရာအက်ဥပဒေအရ တာဂျူးနဲ့သူ့ယာဉ်မောင်းတို့ကို ရဲတွေက အစပိုင်းမှာစွဲချက်တင် ထားတယ်လို့ တီဂါအွန်စက်မှုဇုန်ရဲအကြီးအကဲမိုဟာမက်အလီက တနင်္ဂနွေနေ့မှာပြောပါတယ်။

မေ ၂၉ ရက်မှာ အမီနူးကို DGDA ဒုတိယညွှန်ကြားရေးမှူး ဖာရူအစ္စလမ်က စွဲချက်တင်ခဲ့ပါတယ်။

အီလန်ကို နှာခေါင်းစည်းအခု ၅၀၀၀၀ တင်သွင်းဖို့ ခွင့်ပြုခဲ့ပြီး အစောပိုင်းစစ်ဆေးရာမှာ အီလန်ဘက်က စာရွက် စာတမ်းတွေအများကြီးတင်ပြခဲ့လို့ လိမ်လည်ထားတာကို မဖော်ထုတ်နိုင်ခဲ့ဘူးလို့ DGDA အရာရှိကပြောပါ တယ်။

လိမ်လည်မှုတွေတွေ့ခဲ့ပြီးနောက် ဌာနက ခွင့်ပြုမိန့်ရုတ်သိမ်းခဲ့ပေမဲ့ ကုမ္ပဏီဘက်က နှာခေါင်းစည်းတွေ တင်ပို့ခဲ့ ပြီး ကိုရိုနာဗိုင်းရပ်စ်ကိုကာကွယ်ရာမှာအရေးပါတဲ့နှာခေါင်းစည်းတွေရဲ့အရည်အသွေးကိုတော့ ဖာရူးက ဘာမှ မပြောခဲ့ပါဘူး။

ရဲတွေရဲ့မှုခင်းစုံစမ်းစစ်ဆေးရေးဌာနဆီ ရက်ပိုင်းအတွင်း အမှုလွှဲပေးတော့မယ်လို့ ဒါကာမြို့တော်ရဲတပ်ဖွဲ့က ဒုတိယရဲမှူးကြီးဆူဒိကူးမား ချာကရာဘော်တီကပြောပါတယ်။

မိတ်ဆွေဟောင်းတာဂျူးကို မတ် ၂၅ ရက်မှာ တင်ပို့ခွင့်ပြုတယ်ဆိုတဲ့ခွင့်ပြုစာပေးခဲ့တယ်လို့ အမီနူးကပြောပါ တယ်။

ခွင့်ပြုချက်ကိုသုံးပြီးသူလုပ်သမျှအတွက် တာဂျူးကပဲတာ၀န်ယူရမယ်လို့ စာရွက်စာတမ်းမှာပါ၀င်တယ်လို့ အမီ နူးကပြောပါတယ် တာဂျူးကို မှတ်ချက်တောင်းခံလို့မရသေးပါဘူး။

Ref : Government sues Awami League leader over ‘forgery’ in KN95 mask import


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။