Trending Now

တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပြည်သူများ ငြိမ်းချမ်းရေးဆောင်ရွက်ကြရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တိုက်တွန်း

Spread the love

တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပြည်သူများ ငြိမ်းချမ်းရေးဆောင်ရွက်ကြရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တိုက်တွန်း

EPN

မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၂

တိုင်းရင်သား လက်နက်ကိုင်များ နှင့် ပြည်သူများ ငြိမ်းချမ်းရေးကို အလေးထားဆောင်ရွက်ကြရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က (၇၅) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ပြောဆိုထားသည်။

ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကို ယနေ့ကာလထိတိုင်အောင် အပြီးတိုင် မဖြေရှင်းနိုင်သေးခြင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးကို ခိုင်ခိုင်မာမာ မတည်ဆောက်နိုင်သေးခြင်းတို့ကြောင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးနေရသည်ဟုလည်း ပြောဆိုထားသည်။

နိုင်ငံ၏ ငြိမ်းချမ်းရေးကို တိုင်းရင်းသားအားလုံးက မဖြစ်မနေ ဖော်ဆောင်ကြရမည်ဖြစ်ပြီး သက်ဆိုင်ရာ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ပြည်သူ အားလုံးအနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး (NCA) ပါ သဘောတူညီချက်များ အတိုင်း အလေးထားဆောင်ရွက်ကြရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုက်တွန်း ပြောဆိုထားသည်။

ဒီမိုကရေစီကို ဖော်ဆောင်ရာတွင်လည်း ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးကလည်း တပ်မတော်နှင့်အတူ ထာဝစဉ်ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် အလေးအနက်တိုက်တွန်းလိုကြောင်း ပြောဆိုလိုက်သည်။

ကေကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။