Trending Now

တတိယအႀကိမ္ ျပည္ေထာင္စုအဆင့္ အရပ္ဘက္အဖြဲ႔အစည္းမ်ား ၿငိမ္းခ်မ္းေရးဖုိရမ္တြင္ ကိုယ္စားလွယ္မ်ား အေနျဖင့္ သဘာထားႀကီးႀကီး ေဆြးေႏြးၾကရန္ ကခ်င္အရပ္ဘက္အဖြဲ႔ေတာင္းဆုိ

Spread the love

တတိယအႀကိမ္ျပည္ေထာင္စုအဆင့္ အရပ္ဘက္အဖြဲ႔အစည္းမ်ားၿငိမ္းခ်မ္းေရးဖုိရမ္တြင္ ကိုယ္စားလွယ္မ်ား အေနျဖင့္ သဘာထားႀကီးႀကီး ေဆြးေႏြးၾကရန္ကခ်င္အရပ္ဘက္အဖြဲ႔ေတာင္းဆုိ
EPN
ျမစ္ႀကီးနား၊ မတ္ ၁၈
တတိယအႀကိမ္ ျပည္ေထာင္စုအဆင့္ အရပ္ဘက္အဖြဲ႔အစည္းမ်ား ၿငိမ္းခ်မ္းေရးဖုိရမ္သုိ႔ တိုင္းႏွင့္ ျပည္နယ္ အသီးသီးမွ တက္ေရာက္လာၾကေသာကိုယ္စားလွယ္မ်ားအေနျဖင့္ ေဆြးေႏြးပြဲမ်ားတြင္ သေဘာထားႀကီးႀကီး ေဆြးေႏြးၾကရန္ ကခ်င္ျပည္နယ္အရပ္ဘက္အဖြဲ႔အစည္းမ်ား ေကာ္မတီမွဦးရဲဝင္းထုိက္က ေျပာၾကားသည္။
 
ျမစ္ႀကီးနားၿမိဳ႕ စီတာပူရပ္ကြက္ရွိ မဂၽြယ္ခန္းမတြင္မတ္လ၁၈ရက္ေန႔ကက်င္းပျပဳလုပ္ခဲ့ေသာတတိယအႀကိမ္ျပည္ေထာင္စုအဆင့္အရပ္ဘက္အဖြဲ႔အစည္းမ်ားၿငိမ္းခ်မ္းေရးဖုိရမ္၏ဖြင့္ပြဲအခန္းအနားတြင္၎ကယင္းသုိ႔ေျပာၾကားလိုက္ျခင္းျဖစ္သည္။

က်ေတာ္တို႔ အားလုံးသေဘာတူညီခ်က္နဲ႔အနာဂတ္ႏိုင္ငံတည္ေဆာက္ခ်ိန္မွာတစ္ေထာင့္တစ္ေနရာကေနအေထာက္အကူျဖစ္မယ့္လူထုအသံဆိုတဲ့က်ေတာ္တို႔CSOျပည္ေထာင္စုအဆင့္ကေန တင္သြင္းတဲ့ စာတမ္း မွာ တုိင္းနဲ႔ျပည္နယ္အားလုံးတစ္သံတည္း၊တစိတ္တဝမ္းတည္းတင္သြင္းႏုိင္ဖုိ႔သေဘာထားႀကီးစြာနဲ႔ေဆြးေႏြးၾကဖို႔က်ေတာ္တို႔ကခ်င္အရပ္ဘက္အဖြဲ႔အစည္းမ်ားကို္ယ္စားေတာင္းဆုိပါတယ္။ဟုကခ်င္ျပည္နယ္အရပ္ဘက္အဖြဲ႔အစည္းမ်ားေကာ္မတီမွဦးရဲဝင္းထုိက္ကေျပာၾကားသည္။
ျမန္မာႏုိင္ငံအတြင္းရွိေသြးခ်င္းတိုင္းရင္းသားအဖြဲ႔မ်ားမွယခုကဲ့သုိ႔ေဆြးေႏြးပြဲမ်ားျပဳလုပ္၍ၿငိမ္းခ်မ္းလာဖုိ႔ရန္အတြက္အရပ္ဘက္အဖြဲ႔အစည္းမ်ား၏ေဆာင္ရြက္ခ်က္မ်ားကိုကခ်င္ျပည္နယ္အစုိးရအဖြဲ႔အေနျဖင့္ႀကိဳဆုိေၾကာင္းႏွင့္ျပည္ေထာင္စုၿငိမ္းခ်မ္းေရးရရွိဖို႔ရန္အတြက္မိမိတုိ႔က်ရာက႑မ်ားတြင္ပါဝင္လုပ္ေဆာင္ၾကရန္ကခ်င္ျပည္နယ္အစုိးရအဖြဲ႔ဝင္စည္ပင္သာယာေရးဝန္ႀကီးဦေနာ္လီ() ဇေခါင္ခမ္းရယ္ကယင္းဖိုရမ္တြင္တက္ေရာက္ေျပာၾကားခဲ့သည္။
အဆုိပါတတိယအႀကိမ္ျပည္ေထာင္စုအဆင့္အရပ္ဘက္အဖြဲ႔အစည္းမ်ား၊ၿငိမ္းခ်မ္းေရးဖိုရမ္ကိုတိုင္းႏွင့္ျပည္နယ္အသီးသီးမွကိုယ္စားလွယ္၄၉၁ဦးပါဝင္၍တုိင္းႏွင့္ျပည္နယ္အသီးသီးမွတင္သြင္းလာေသာစာတမ္းမ်ားကိုေဆြးေႏြးၾကမည္ျဖစ္ေၾကာင္းႏွင့္ယခုတတိယအႀကိမ္ဖိုရမ္ကိုမတ္လ၁၈ရက္ေန႔မွ၂၀ရက္အထိသုံးရက္သာက်င္းပသြားမည္ျဖစ္သည္။
ျပည္ေထာင္စုအဆင့္အရပ္ဘက္အဖြဲ႔အစည္းမ်ားၿငိမ္းခ်မ္းေရးဖုိရမ္ေကာ္မတီ၏ပထမအႀကိမ္ဖိုရမ္ကိုရွမ္းျပည္နယ္ေတာင္ႀကီးၿမိဳ႕တြင္က်င္းပခဲ့ၿပီးဒုတိယအႀကိမ္ေျမာက္ဖုိရမ္ကိုမႏၲေလးၿမိဳ႕၌က်င္းပခဲ့ေၾကာင္းသိရသည္။
ေကာင္းေကာင္း
 ———————————————-
တတိယအကြိမ် ပြည်ထောင်စုအဆင့် အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်တွင် ကိုယ်စားလှယ်များ အနေဖြင့် သဘာထားကြီးကြီး ဆွေးနွေးကြရန် ကချင်အရပ်ဘက်အဖွဲ့တောင်းဆို

EPN
မြစ်ကြီးနား၊ မတ် ၁၈

တတိယအကြိမ် ပြည်ထောင်စုအဆင့် အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်သို့ တိုင်းနှင့် ပြည်နယ် အသီးသီးမှ တက်ရောက်လာကြသော ကိုယ်စားလှယ်များအနေဖြင့် ဆွေးနွေးပွဲများတွင် သဘောထားကြီးကြီး ဆွေးနွေးကြရန် ကချင်ပြည်နယ်အရပ်ဘက်အဖွဲ့အစည်းများ ကော်မတီမှ ဦးရဲဝင်းထိုက်က ပြောကြားသည်။
မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ မဂျွယ်ခန်းမတွင် မတ်လ ၁၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော တတိယအကြိမ် ပြည်ထောင်စုအဆင့် အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေး ဖိုရမ်၏ ဖွင့်ပွဲအခန်းအနားတွင် ၎င်းက ယင်းသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

“ ကျတော်တို့ အားလုံးသဘောတူညီချက်နဲ့ အနာဂတ်နိုင်ငံတည်ဆောက်ချိန်မှာ တစ်ထောင့်တစ်နေရာကနေ အထောက်အကူဖြစ်မယ့် လူထုအသံဆိုတဲ့ ကျတော်တို့ CSO၊ ပြည်ထောင်စုအဆင့်ကနေ တင်သွင်းတဲ့ စာတမ်း မှာ တိုင်းနဲ့ပြည်နယ်အားလုံး တစ်သံတည်း၊ တစိတ်တဝမ်းတည်း တင်သွင်းနိုင်ဖို့ သဘောထားကြီးစွာနဲ့ ဆွေးနွေး ကြဖို့ ကျတော်တို့ ကချင်အရပ်ဘက်အဖွဲ့အစည်းများကိုယ်စား တောင်းဆိုပါတယ်။” ဟု ကချင်ပြည်နယ်အ ရပ်ဘက်အဖွဲ့အစည်းများကော်မတီမှ ဦးရဲဝင်းထိုက်က ပြောကြားသည်။

မြန်မာနိုင်ငံအတွင်းရှိ သွေးချင်းတိုင်းရင်းသားအဖွဲ့များမှ ယခုကဲ့သို့ ဆွေးနွေးပွဲများပြုလုပ်၍ ငြိမ်းချမ်းလာဖို့ရန် အတွက် အရပ်ဘက်အဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များကို ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကြိုဆို ကြောင်းနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးရရှိဖို့ရန်အတွက် မိမိတို့ကျရာ ကဏ္ဍများတွင် ပါဝင်လုပ်ဆောင်ကြရန် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦနော်လီ(ခ) ဇခေါင်ခမ်းရယ်က ယင်းဖိုရမ်တွင် တက် ရောက်ပြောကြားခဲ့သည်။

အဆိုပါ တတိယအကြိမ် ပြည်ထောင်စုအဆင့် အရပ်ဘက်အဖွဲ့အစည်းများ၊ ငြိမ်းချမ်းရေးဖိုရမ်ကို တိုင်းနှင့် ပြည် နယ်အသီးသီးမှ ကိုယ်စားလှယ် ၄၉၁ ဦးပါဝင်၍ တိုင်းနှင့် ပြည်နယ်အသီးသီးမှ တင်သွင်းလာသော စာတမ်းများ ကို ဆွေးနွေးကြမည်ဖြစ်ကြောင်းနှင့် ယခု တတိယအကြိမ်ဖိုရမ်ကို မတ်လ ၁၈ ရက်နေ့မှ ၂၀ ရက်အထိ သုံးရက်သာ ကျင်းပသွားမည်ဖြစ်သည်။

ပြည်ထောင်စုအဆင့်အရပ်ဘက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်ကော်မတီ၏ ပထမအကြိမ်ဖိုရမ်ကို ရှမ်းပြည် နယ်တောင်ကြီးမြို့တွင် ကျင်းပခဲ့ပြီး ဒုတိယအကြိမ်မြောက် ဖိုရမ်ကို မန္တလေးမြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကောင်းကောင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။