Trending Now

ဝက်လက် မြို့နယ်မှာ မူလတန်းလွန်ကျောင်းအုပ်ဆရာမကြီး ညီအစ်မ ၂ ယောက် အသတ်ခံရ

Spread the love

ဝက်လက် မြို့နယ်မှာ မူလတန်းလွန်ကျောင်းအုပ်ဆရာမကြီး ညီအစ်မ ၂ ယောက် အသတ်ခံရ

EPN
ဝက်လက် ၊ ဇွန် ၇

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ဝက်လက် မြို့နယ် ၊ မင်းသာကန်ကျေးရွာအုပ်စု ၊ ဘိုတဲကျေးရွာမှာ ဇွန် ၆ ရက် ၊မနေ့က ညနေ ၆ ဝန်းကျင်က ၂ လောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ ပရဟိတသမားတွေဆီက သိရပါတယ်။

” သေဆုံးသူ ၂ ယောက်က ဘိုတဲရွာ မူလတန်းလွန် ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးခိုင်နဲ့ သူ့ညီမ ဒေါ်ကေဇာခိုင် တို့ ၂ ယောက် အသတ်ခံရတာဖြစ်တယ် ” လို့ ပရဟိတသမားတစ်ယောက်က ပြောပါတယ်။

အဲ့ဒီ သေဆုံးသူ မူလွန်ကျောင်းအုပ်ဆရာမကြီး ညီအစ်မ ၂ ယောက်ဟာ နေအိမ်မှာရှိနေတဲ့အချိန် အကြမ်းဖက်သမားတွေက လာရောက်သတ်ဖြတ်သွားတာဖြစ်တယ်လို့ ဝက်လက် မြို့နယ်ရဲတပ်ဖွဲ့က ဆိုပါတယ်။

ဒါ့အပြင် မနေ့က ညနေ ၃ နာရီဝန်းကျင်ကလည်း ဝက်လက် မြို့နယ် သခွတ္တောကျေးရွာက ဦးမြင့်ဆွေနဲ့ သူ့မိန်းမ ဒေါ်နွှဲ့ကြည်တို့ လင်မယား ၂ ယောက်ကို အကြမ်းဖက်သမားတွေက ဖမ်းဆီးခေါ်ဆောင်သွားပြီး လှတောကျေးရွာနဲ့ ပင်ဇင်းကျေးရွာအကြား လေသာကွေ့နေရာမှာ သတ်ဖြတ်ထားခဲ့ရာ ဦးမြင့်ဆွေက နေရာမှာနေတင် သေဆုံးခဲ့ဲပြီး သူ့မိန်းမ ဒေါ်နွှဲ့ကြည်ကတော့ ပြင်ထန်ဒဏ်ရာတွေရခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ လူသတ်မှုတွေနဲ့ ပတ်သက်ပြီး ဝက်လက် မြို့နယ် ရဲတပ်ဖွဲ့က အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။