Trending Now

ကချင်ပြည်နယ် ကြက်ခြေနီအသင်းက လေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ကူညီ

Spread the love

ကချင်ပြည်နယ် ကြက်ခြေနီအသင်းက လေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ကူညီ

EPN
ဟိုပင်၊ ဧပြီ ၂၃

ကချင်ပြည်နယ်၊ မိုးညှင်ခရိုင် မိုးညှင်းမြို့နယ်အတွင်း ဧပြီလ ၂၁ ရက်နေ့ညက တိုက်ခက်သွားသည့် လေပြင်းကြောင့်ပျက်စီးဆုံးရှုံးခဲ့သော အိမ်ထောင်စု ၈၅ စုအတွက် အရေးပေါ်ထောက်ပံ့ ပစ္စည်းများကိုပြည်နယ်ကြက်ခြေနီအသင်းက ဧပြီလ ၂၃ ရက်နေ့မနက်က လာရောက်ထောက်ပံ့ပေး ခဲ့ကြောင်း ပြည်နယ်ကြက်ခြေနီပြန်ကြားရေးထံမှ သိရသည်။


မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ပေးပို့ထားသည့် အရေးပေါ်သုံးပစ္စည်းများကို ကချင်ပြည်နယ် ကြက်ခြေနီအသင်း၊ ပြည်နယ် ကြက်ခြေနီအသင်းဥက္ကဌ ဦးဘရန်ဒီးနှင့် အဖွဲ့၀င်မျ ားသည် မိုးကောင်း၊ ဆားမှော်၊ ကညှင်းမြိုင်၊ ပြွန်သုံးလုံး၊ နမ္မန၊ ဟိုပင်၊ မိုးညှင်းမြို့နယ်အတွင်း လေပြင်းဒဏ်ကြောင့်ပျက်စီးခဲ့သော အိမ်ထောင်စုများကို တာပေါ်လင် (မိုးကာ)၊ ခြင်ထောင်၊ကျန်းမာရေးသုံး ပစ္စည်းများ၊ မိသားစုခြုံစောင်စသည့် (တန်ဖိုးကျပ်ရှစ်သောင်းခွဲကျေ ာ်)ပစ္စည်းများကို အိမ်ထောင်တစ်စုချင်းစီအလိုက် ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့်အတူ တာ၀န်ရှိများက လိုက်လံပေးအပ်ခဲ့ကြောင်း သိရသည်။

မိုးညှင်းခရိုင်အတွင်း ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ခတ်သွားသည့် လေပြင်းကြောင့်မိုးကောင်းမြို့နယ်အတွင်းက အိမ်ခြေ ၅၂ အိမ်နှင့် မိုးညှင်းမြို့နယ်အတွင်းက အိမ်ခြေ ၃၃ အိမ်ကို အရေးပေါ်ပစ္စည်းတွေဖြစ်တဲ့မိသားစုသုံး တာပေါ်လင်၊ စောင်၊ ခြံထောင်၊ ကျန်းမာရေးသုံးပစ္စည်းမျ ားကိုအိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးခဲ့သည်ဟု ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌ ဦးဘရန်ဒီးကဆိုသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် မိုးကောင်းမြို့နယ်အတွင်း ဆားမှော်ကျေးရွာမှ ၂ အိမ်၊ ပြွန်သုံးလုံးရွာမှ ၂အိမ်၊ ကညှင်းမြိုင်ရွာ ၄၄အိမ်၊ နမ္မန ၄ အိမ် စုစုပေါင်း ၅၂ အိမ်နှင့် မိုးညှင်းမြိုနယ်အတွင်းမှ ၃၃ အိမ်ထောင် စုစုပေါင်း(၈၅)အိမ်ထောင်စု
ကိုအချိန်နှင့် တပြေးညီ ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

မိုးဟိန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။