Trending Now

မြစ်ကြီးနားမြို့ကမ်းနားဘေးရှိ အများပြည်သူအပန်ဖြေနေရာ အဆင့်မြှင့်တင်မှု ယခုလအတွင်း ပြီးစီးမည်

Spread the love

မြစ်ကြီးနားမြို့ကမ်းနားဘေးရှိ အများပြည်သူအပန်ဖြေနေရာ အဆင့်မြှင့်တင်မှု ယခုလအတွင်း ပြီးစီးမည်

EPN
မြစ်ကြီးနား၊ နိုဝင်ဘာလ ၁၇

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ စည်ပင်ကမ်းနားဘေးရှိ အများပြည်သူ အပန်ဖြေနေရာအဆင့်မြှင့်တင်မှု ယခု နိုဝင်ဘာလ အတွင်းအပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

ယင်းကမ်းနားဘေးရှိ နေရာအဆင့်မြင့်တင်မှုများကို အောက်တိုဘာလ ခန့်မှ စတင်ကာ ဆောက်လုပ်နေခြင်းဖြစ်ပြီး ် အများပြည်သူများ စိတ်အပန်းဖြေစေရန် အလှပန်းပင်များ စိုက်ပျိုးပေးခြင်း၊ ကိုယ်လက်လှုပ်ရှားများပြုလုပ်နိုင်ရန် မြစ်ကမ်းဘေးတစ်လျှောက် လျှောက်လမ်းများပြုလုပ်ပေးခြင်း၊We Love Myitkyina စာသားပါ လျှပ်စစ် မီးတပ်ဆင်ထားသည့် ဆိုင်းဘုတ်များ ပါဝင်မှာဖြစ်ကြောင်း မြစ်ကြီးနားမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ အခု ဆောက်လုပ်နေတာတဲ့ စည်ပင်ကမ်းနားဘေး အလှဆင်လုပ်ငန်းတွေဟာဆိုရင် ၊ ကမ်းနားမှာ အပန်းဖြေလာရောက်တဲ့ ပြည်သူတွေ စိတ်အပန်းဖြေစေဖို့အတွက် ရည်ရွယ်ပြီး ကမ်းနားဘေးတစ်လျှောက် အလှပန်းပင်တွေစိုက်ပျိုးတာတွေပြုလုပ်မည်၊ နောက်ပြီး We Love Myitkyina စာသားပါ လျှပ်စစ် မီးတပ်ဆင်ထားတဲ့ ဆိုင်းဘုတ်လဲ ထောင်မှာဆိုတော့၊ ညအချိန်တွေမှာလဲ လာရောက်အပန်းဖြေလို့ ရနိုင်အောင်စီစဉ်ထားတယ်၊ နောက်ပြီး ကမ်းနားဘေး လမ်းလျှောက်တာတွေ ကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်နိုင်ဖို့ လျှောက်လမ်းတွေ တည်ဆောက်ပေးသွားမယ်၊အဓိက တော့ မြို့နယ် စည်ပင်သာယာ လှပရေးအတွက် ကမ်းနားဘေးကို အမြှင့်တင်တာဖြစ်တယ်” ဟု ၎င်းကပြောသည်။

ယင်းအလှဆင်လုပ်ငန်းများဆောက်လုပ်နေမှုများကို (၂၀၂၂-၂၀၂၃) မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ရံပုံငွေဖြင့် တည်ဆောက်ခြင်းဖြစ်ကာ အဆိုပါနေရာ ရေရှည်သန့်ရှင်သာယာ လှပရေးအတွက် အမှိုက်ပုံများထားရှိခြင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သန့်ရှင်းရေးများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။