Trending Now

ကခ်င္ျပည္နယ္ ဆည္ေျမာင္းဦးစီးဌာနမွ တင္ျပသည့္ရံပုံေငြသည္ ေျမျပင္ကုန္က်ေငြနွင့္ ကြာဟဟု စိုက္/ေမြးနွင့္ ဆည္ေျမာင္းဝန္ႀကီးေျပာ

Spread the love

ကခ်င္ျပည္နယ္ ဆည္ေျမာင္းဦးစီးဌာနမွ တင္ျပသည့္ရံပုံေငြသည္ ေျမျပင္ကုန္က်ေငြနွင့္ ကြာဟဟု စိုက္/ေမြးနွင့္ ဆည္ေျမာင္းဝန္ႀကီးေျပာ

EPN
မုိးညႇင္း၊ မတ္ ၂၈

ကခ်င္ျပည္နယ္ ဗန္းေမာ္ၿမိဳ႕ နယ္ ခိုက်င္ေက်းရြာ စရစ္ကန္ဆည္အတြက္ ကခ်င္ျပည္နယ္ ဆည္
ေျမာင္းဦးစီးဌာနမွ တင္ျပထားေသာ ဘတ္ဂ်က္ သည္ ေျမျပင္၌ အမွန္တကယ္ကုန္က်ေငြထက္ မ်ားျပားေနသည္ကုိ ေတြ႕႐ွိရေၾကာင္း ကခ်င္ျပည္နယ္ စုိက္ပ်ိဳးေမြးျမဴေရးႏွင့္ ဆည္ေျမာင္း
ဝန္ႀကီး ဦးေက်ာ္ေက်ာ္ဝင္းက ေျပာသည္။

အဆုိပါ ဗန္းေမာ္ၿမိဳ႕ နယ္ ခိုက်င္ေက်းရြာ စရစ္ ကန္ဆည္အတြက္ ဆည္ေျမာင္းဦးစီးဌာနမွ တင္ျပထားေသာ ဘတ္ဂ်က္ႏွင့္ပတ္သက္၍ ယခု လ မတ္ ၂၆ရက္ေန႔က ကြင္းဆင္းစစ္ေဆးခဲ့ရာ အဆမတန္တင္ျပေတာင္းခံမႈရွိသည္ကို စစ္ေဆးေတြ႕ရိွခဲ့ေၾကာင္း ဝန္ႀကီးက ေျပာသည္။

၂၀၁၈/၂၀၁၉ခုႏွစ္ မိုးတြင္းကာလအတြင္း ဆည္ က်ိဳးေပါက္မႈျဖစ္ပြားခဲ႔ရာ လယ္ေျမ ၄၀ ဧကအတြင္းသို႔ ဒိုက္ အမိႈက္ ႏႈံးေျမမ်ား လႊမ္းမိုးသြားျခင္း အတြက္ ျပန္လည္ ရွင္းလင္းဖယ္ရွားေပးနိုင္ရန္ ျပည္ေတာင္စုအစိုးရထံသို႔ ၂၀၁၉/၂၀၂၀ဘ႑ာႏွစ္အတြင္း ရံပံုေငြ က်ပ္သန္းေပါင္း ၅၂၀ကို ျပည္ေထာင္စုအစိုးရထံ သို႔ တင္ျပေတာင္းဆိုထားသည္ဟု သိရသည္။

ထို ျပည္ေထာင္စုသုိ႔ တင္ျပေတာင္းဆုိထား သည့္ က်ပ္သန္းေပါင္း ၅၂၀သည္ ဧက၄၀ အတြက္ ၁ဧကကိုက်ပ္သိန္းေပါင္း ၁၃၀အထိ က်သင့္
ေနေသာ ေၾကာင့္ ဝန္ႀကီးက ကိုယ္တိုင္ ကြင္းဆင္း စစ္ေဆးၾကည့္ရႈစစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း စိုက္ပ်ဳိးေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီး ဦး ေက်ာ္ေက်ာ္ဝင္းက ေျပာၾကားခဲ့သည္။

အဆိုပါအေၾကာင္းအရာႏွင့္ပတ္သက္၍ ဗန္းေမာ္ၿမိဳ႕ရိွ စက္မႈလယ္ယာဦးစီးဌာနမွ ဦးစီးအရာရိွအား ေခၚယူကာ ဒိုက္ အမိႈက္ ႏံႈးမ်ား ဖံုးလႊမ္းေနေသာလယ္ေျမမ်ား ျပန္လည္ဖယ္ရွားပါက စနစ္တက် လယ္ယာေျမေဖၚထုတ္လ်ွင္ ၁ဧက ကုန္က်ေငြ မည္မ်ွရွိနိုင္မည္ကို ေမးျမန္း စိစစ္ရာ
စက္မႈလယ္ယာဦးစီးမွဴးမွ ခန္႕မွန္း က်ပ္ေငြမွာ တစ္ဧကကုိ က်ပ္ရွစ္သိန္းခန္႔သာ ကုန္က်နိုင္ သည္ဟု ေျဖၾကားခဲ့ေၾကာင္း ကခ်င္ျပည္နယ္ အစိုး ရအဖြဲ႕သတင္းျပန္ၾကားေရးဌာနမွ ထုတ္ျပန္ခဲ့သည္။

မိုးျမင့္
photo-ဦးေက်ာ္ေက်ာ္ဝင္း
——————————————

ကချင်ပြည်နယ် ဆည်မြောင်းဦးစီးဌာနမှ တင်ပြသည့်ရံပုံငွေသည် မြေပြင်ကုန်ကျငွေနှင့် ကွာဟဟု စိုက်/မွေးနှင့် ဆည်မြောင်းဝန်ကြီးပြော

EPN
မိုးညှင်း၊ မတ် ၂၈

ကချင်ပြည်နယ် ဗန်းမော်မြို့ နယ် ခိုကျင်ကျေးရွာ စရစ်ကန်ဆည်အတွက် ကချင်ပြည်နယ် ဆည်
မြောင်းဦးစီးဌာနမှ တင်ပြထားသော ဘတ်ဂျက် သည် မြေပြင်၌ အမှန်တကယ်ကုန်ကျငွေထက် များပြားနေသည်ကို တွေ့ရှိရကြောင်း ကချင်ပြည်နယ် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်း
ဝန်ကြီး ဦးကျော်ကျော်ဝင်းက ပြောသည်။

အဆိုပါ ဗန်းမော်မြို့ နယ် ခိုကျင်ကျေးရွာ စရစ် ကန်ဆည်အတွက် ဆည်မြောင်းဦးစီးဌာနမှ တင်ပြထားသော ဘတ်ဂျက်နှင့်ပတ်သက်၍ ယခု လ မတ် ၂၆ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ရာ အဆမတန်တင်ပြတောင်းခံမှုရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဝန်ကြီးက ပြောသည်။

၂၀၁၈/၂၀၁၉ခုနှစ် မိုးတွင်းကာလအတွင်း ဆည် ကျိုးပေါက်မှုဖြစ်ပွားခဲ့ရာ လယ်မြေ ၄၀ ဧကအတွင်းသို့ ဒိုက် အမှိုက် နှုံးမြေများ လွှမ်းမိုးသွားခြင်း အတွက် ပြန်လည် ရှင်းလင်းဖယ်ရှားပေးနိုင်ရန် ပြည်တောင်စုအစိုးရထံသို့ ၂၀၁၉/၂၀၂၀ဘဏ္ဍာနှစ်အတွင်း ရံပုံငွေ ကျပ်သန်းပေါင်း ၅၂၀ကို ပြည်ထောင်စုအစိုးရထံ သို့ တင်ပြတောင်းဆိုထားသည်ဟု သိရသည်။

ထို ပြည်ထောင်စုသို့ တင်ပြတောင်းဆိုထား သည့် ကျပ်သန်းပေါင်း ၅၂၀သည် ဧက၄၀ အတွက် ၁ဧကကိုကျပ်သိန်းပေါင်း ၁၃၀အထိ ကျသင့်
နေသော ကြောင့် ဝန်ကြီးက ကိုယ်တိုင် ကွင်းဆင်း စစ်ဆေးကြည့်ရှုစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦး ကျော်ကျော်ဝင်းက ပြောကြားခဲ့သည်။

အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ ဗန်းမော်မြို့ရှိ စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးအရာရှိအား ခေါ်ယူကာ ဒိုက် အမှိုက် နှုံးများ ဖုံးလွှမ်းနေသောလယ်မြေများ ပြန်လည်ဖယ်ရှားပါက စနစ်တကျ လယ်ယာမြေဖေါ်ထုတ်လျှင် ၁ဧက ကုန်ကျငွေ မည်မျှရှိနိုင်မည်ကို မေးမြန်း စိစစ်ရာ
စက်မှုလယ်ယာဦးစီးမှူးမှ ခန့်မှန်း ကျပ်ငွေမှာ တစ်ဧကကို ကျပ်ရှစ်သိန်းခန့်သာ ကုန်ကျနိုင် သည်ဟု ဖြေကြားခဲ့ကြောင်း ကချင်ပြည်နယ် အစိုး ရအဖွဲ့သတင်းပြန်ကြားရေးဌာနမှ ထုတ်ပြန်ခဲ့သည်။

မိုးမြင့်
photo-ဦးကျော်ကျော်ဝင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။