Trending Now

ဆက်ဆံရေး အဆင့်မြှင့်တင်ဖို့ တရုတ်နဲ့ ဗင်နီဇွဲလား သဘောတူ

Spread the love

ဆက်ဆံရေး အဆင့်မြှင့်တင်ဖို့ တရုတ်နဲ့ ဗင်နီဇွဲလား သဘောတူ

EPN

နိုင်ငံတကာ၊ စက်တင်ဘာ ၁၅

ပေကျင်းမှာကျင်းပတဲ့ နှစ်နိုင်ငံ ထိပ်သီးအစည်းအဝေးမှာ တရုတ်နဲ့ ဗင်နီဇွဲလားနိုင်ငံတွေက သူတို့ရဲ့ ဆက်ဆံရေးကို “ဘက်စုံ ဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး” အဖြစ် အဆင့်မြှင့်တင်ဖို့ သဘောတူခဲ့ကြပါတယ်။

တရုတ်သမ္မတ ရှီကျင်ဖျင် နဲ့ ဗင်နီဇွဲလား သမ္မတ နီကိုလတ် မဒူရို တို့ဟာ ဗုဒ္ဓဟူးနေ့က ပြည်သူ မဟာခန်းမဆောင်မှာ တွေ့ဆုံခဲ့ကြပါတယ်။
မစ္စတာ ရှီကျင်ဖျင် က ” တရုတ်နဲ့ ဗင်နီဇွဲလားတို့ဟာ အပြန်အလှန် ယုံကြည်မှုရှိတဲ့ မိတ်ဆွေကောင်းတွေဖြစ်ပြီး ဘုံတိုးတက်ဖွံ့ဖြိုးမှုအတွက် မိတ်ဖက်ကောင်းတွေ ဖြစ်တယ်”လို့ ပြောခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကိုးကားဖော်ပြခဲ့ပါတယ်။

မစ္စတာ မဒူရိုက “ဘက်စုံ ဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ထူထောင်မှုဟာ သမိုင်းတွင်မယ့် ထူးခြားမှုဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေး ခေတ်သစ်တစ်ခုကို သေချာပေါက် ဖွင့်လှစ်ပေးမယ်” လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

တောင်အမေရိကနိုင်ငံဖြစ်တဲ့ ဗင်နီဇွဲလားနဲ့ ဆက်ဆံရေးအားဖြည့်ခြင်းအားဖြင့် တရုတ်ဟာ အမေရိကန်ပြည်ထောင်စုကို သတိပေးဖို့ ရည်ရွယ်ပုံရတယ်လို့ ကျွမ်းကျင်သူတွေက ယုံကြည်နေကြပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ တရုတ်နဲ့ ရုရှားတို့က ထောက်ခံပေးထားတဲ့ မဒူရို အစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချမှတ်ထားပါတယ်။

source; NHK


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။