Trending Now

Ooredoo ကုမ္ပဏီ မြန်မာနိုင်ငံက ထွက်ခွာဖို့ပြင်ဆင်

Spread the love

Ooredoo ကုမ္ပဏီ မြန်မာနိုင်ငံက ထွက်ခွာဖို့ပြင်ဆင်

EPN
ဇူလှိုင် ၂၀

ကာတာဆက်သွယ်ရေးကုမ္ပဏီ Ooredoo ဟာ မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ ဆက်သွယ်ရေးအော်ပရေတာကို ရောင်းချဖို့ ဆွေးနွေးနေတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဒီကစ္စနဲ့ပတ်သက်ပြီး Ooredoo က တရားဝင်ထုတ်ပြန်ခဲ့ခြင်းမရှိပေမယ့် မြန်မာနိုင်ငံအတွင်းက လုပ်ငန်းတွေကို ရောင်းချဖို့ ဆွေးနွေးနေတယ်လို့ အဆိုပါကစ္စနဲ့ နီးစပ်သူ တစ်ဦးက ရိုက်တာ သတင်းဌာနကို ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၀ ခုနှစ်မှာ သုံးစွဲသူပေါင်း ၁၅ သန်းရှိခဲ့တဲ့ ooredoo ဟာ မြန်မာနိုင်ငံရဲ့ တတိယအကြီးဆုံး အော်ပရေတာဖြစ်ပြီး လုပ်ငန်းကို ရောင်းချဖို့ ရည်ရွယ်ချက်နဲ့ မြန်မာ့စာတိုက်နှင့် ကြေးနန်းဌာန( PTD ) ကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

ကုမ္ပဏီအတွက် အဓိကအလားအလာရှိတဲ့ ဝယ်ယူသူတွေဟာ မြန်မာလုပ်ငန်းစုကြီး Young Investment Group နဲ့ စင်ကာပူအခြေစိုက် Campana Group တို့အပြင် ရွှေသံလွင်က ပိုင်ဆိုင်တဲ့ တယ်လီကွန်းကုမ္ပဏီ SkyNet တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ယခုသီတင်းပတ်အစောပိုင်းက မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေ ပြည်တွင်းကုမ္ပဏီတွေနဲ့ ဘဏ်တွေကို နိုင်ငံခြားချေးငွေ ပြန်ဆပ်ခြင်းကို ဆိုင်းငံ့ထားဖို့ ညွန်ကြားပြီးနောက် အခုလိုသတင်းထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အကြီးဆုံး ဆက်သွယ်ရေးအော်ပရေတာ တွေထဲက တစ်ခုဖြစ်တဲ့ နော်ဝေး ကုမ္ပဏီ Telenor ဟာ အခုနှစ် မတ်လအတွင်းက ထွက်ခွာခဲ့ပြီးနောက် Ooredoo ဟာလည်း နောက်ဆုံးထွက်ခွာဖို့ ပြင်ဆင်နေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

Source – ရိုက်တာ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။