Trending Now

ထိုင်ဝမ်ကို တရုတ်ကျူးကျော်လာမယ်ဆိုရင် အမေရိကန်တပ်ဖွဲ့တွေက ခုခံကာကွယ်သွားမယ်လို့ ဘိုင်ဒင်ပြော

Spread the love

ထိုင်ဝမ်ကို တရုတ်ကျူးကျော်လာမယ်ဆိုရင် အမေရိကန်တပ်ဖွဲ့တွေက ခုခံကာကွယ်သွားမယ်လို့ ဘိုင်ဒင်ပြော

EPN

နိုင်ငံတကာ၊ စက်တင်ဘာ ၁၉

ထိုင်ဝမ်ကို တရုတ်ကျူးကျော်မှုကနေ အမေရိကန်တပ်ဖွဲ့တွေက ခုခံကာကွယ်မယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားခဲ့ပြီး ဒါဟာ ဝါရှင်တန်ရဲ့ ဆယ်စုနှစ်များစွာကြာအောင် မရေမရာဖြစ်နေတဲ့ မဟာဗျူဟာ မူဝါဒနဲ့ ဝေးကွာသွားတဲ့ အပြင်းထန်ဆုံး အရိပ်အယောင်ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

တရုတ်က ကျူးကျော်လာရင် အမေရိကန်စစ်တပ်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကျွန်းကို ခုခံကာကွယ်မှာလား လို့ ရုပ်မြင်သံကြားအင်တာဗျူးတစ်ခုမှာ မေးမြန်းရာမှာ ဘိုင်ဒင် က “မကြုံစဖူး တိုက်ခိုက်မှုတစ်ခု ဖြစ်ခဲ့ရင် ဒါဟာ ဖြစ်လိမ့်မယ်” လို့ ပြောပါတယ်။

ဘိုင်ဒင်က ထပ်မံရှင်းလင်းပြောဆိုရာမှာ “တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်လာမယ်ဆိုပါက အမေရိကန်ကာကွယ်ရေးတပ်ဖွဲ့တွေကို စေလွတ်မယ် ” လို့ အတည်ပြုခဲ့ပါတယ်။ ဘိုင်ဒင်ရဲ့ အတည်ပြုချက်ဟာ ယူကရိန်းကို အမေရိကန် စစ်တပ်စေလွတ်ခဲ့ခြင်းမရှိပေမယ့် ထိုင်ဝမ်ကို တရုတ်တိုက်ခိုက်လာရင်တော့ စစ်တပ်ကို စေလွတ်မယ်လို့ ဆိုလိုတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလက ဘိုင်းဒင် ဂျပန်နိုင်ငံကို သွားရောက်လည်ပတ်စဉ်ကလည်း ထိုင်ဝမ်ကို တရုတ်က တိုက်လိုက်လာပါက ကာကွယ်ရေးအင်အားအသုံးပြုမှာဖြစ်ပြီး ထိုင်ဝမ်ကို ကာကွယ်ရေးဟာ အမေရိကန်ရဲ့ ကတိကဝတ်အဖြစ် ဖော်ပြခဲ့ပါတယ်။

တရုတ်နိုင်ငံက ထိုင်ဝမ်ကို ပြည်မကြီးရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ရှု့မြင်ထားသလို လိုအပ်လာပါက အင်အားသုံးပြန်လည်ပေါင်းစည်းရမယ့် ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။ အမေရိကန်ဟာ ဒေသတွင်းတည်ငြိမ်မှုကို နှောက်ယှက်ပြီး ထိုင်ဝမ်ကို တရုတ်ပြည်ကနေ ခွဲထွက်ဖို့ အားပေးနေတယ်လို့ ပြောဆိုထားပါတယ်။

အခုလအစောပိုင်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုင်ဝမ်ကို ဒေါ်လာ ၁.၁ ဘီလီယံ တန်ကြေးရှိ လက်နက်တွေ ရောင်ချဖို့ အတည်ပြုခဲသလို ဆီးနိတ်ကော်မတီကလည်း ထိုင်ဝမ်အတွက် လုံခြုံရေးအကူအညီ ဒေါ်လာ ၄.၅ ဘီလီယံ ထပ်မံပံ့ပိုးပေး မယ့် ဥပဒေတစ်ရပ်ကို ပြဌန်းခဲ့ပါသေးတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက “နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ နဲ့ နယ်မြေတည်တံ့ခိုင်မြဲမှုကို ကာကွယ်ရာမှာ တရုတ်ပြည်သူတွေရဲ့ ခိုင်မာတဲ့စိတ်ဆန္ဒ၊ ခိုင်မာတဲ့ စွမ်းရည်တို့ကို ဘယ်သူကမျှ လျော့မတွက်ဖို့ သတိပေးခဲ့ပါတယ်။

— ကိုးကား —
Aljazeera
ref; Biden says US forces would defend Taiwan from Chinese invasion

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။