Trending Now

လှည်းတန်းတံတားပေါ်တွင် ကားနှစ်စီးတိုက်မိရာမှ အမျိုးသားတစ်ဦး သေဆုံး

Spread the love

လှည်းတန်းတံတားပေါ်တွင် ကားနှစ်စီးတိုက်မိရာမှ အမျိုးသားတစ်ဦး သေဆုံး

EPN
ရန်ကုန်၊ ဧပြီ ၉ (၂၀၂၄)

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်ရှိ လှည်းတန်း ဂုံးကျော်တံတားပေါ်တွင် ယမန်နေ့ (ဧပြီ ၈ ရက်) ညနေပိုင်းက အိမ်စီးကားနှစ်စီး ပြင်းထန်စွာတိုက်မိခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။

ယမန်နေ့၊ ညနေ ၄ နာရီ ၂၀ မိနစ်ကျော်ခန့်က ကမာရွတ်မြို့နယ်ရှိ လှည်းတန်းတံတားပေါ်တွင် Hijet ကားမှ အိမ်စီးကားတစ်စီးကို အရှိန်မထိန်းနိုင်ဘဲ ပြင်းထန်စွာဝင်တိုက်မိခဲ့သဖြင့် Hijet ကားမောင်းသူမှာ ကားအတွင်း၌ ညပ်သွားခဲ့ပြီး အိမ်စီးကားပေါ်တွင် လိုက်ပါလာသူများမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်အား မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်ခဲ့ကြရာ Hijet ကားမောင်းသူမှာ ကားအတွင်းညပ်ပြီး ထိခိုက်ဒဏ်ရာများရရှိ၍ အခင်း ဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

” Hijet ကားက အရှိန်မထိန်းနိုင်ဘဲတစ်ဖက်ယာဥ်ကြောကို ရောက်သွားပြီးတိုက်မိတာပါ။ တိုက်မိတဲ့အရှိန်က အရမ်းပြင်းတဲ့အတွက် Hijet ကားက ရစရာမရှိအောင်ကို ပျက်စီးသွားတယ်။ အိမ်စီးကားလည်း ပျက်စီးတာတွေများတယ်။ သေဆုံးတဲ့လူက အတော်အခြေအနေဆိုးဆိုးနဲ့ သေဆုံးသွားတာ ” ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးက ပြောသည်။

အဆိုပါ သေဆုံးသူ၏ ရုပ်အလောင်းနှင့် ထိခိုက်ဒဏ်ရာရသူများအား ပြည်သူ+လူရွှင်တော် (စမ်းချောင်း)ပရဟိတအသင်းမှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။