Trending Now

တနိုင်းမြို့တွင် ချဲထီ(၂)လုံးရောင်းချသူအမျိုးသမီးတစ်ဦးဖမ်းဆီးခံရ

Spread the love

တနိုင်းမြို့တွင် ချဲထီ(၂)လုံးရောင်းချသူအမျိုးသမီးတစ်ဦးဖမ်းဆီးခံရ

EPN

မြစ်ကြီးနား ၊ မေလ ၁၄

ကချင်ပြည်နယ် တနိုင်းခရိုင် တနိုင်းမြို့ ဆွတ်ငိုင်ရပ်ကွက်တွင် ချဲထီ ၂ လုံးလောင်းကစားများ ပြုလုပ်နေသူအမျိုးသမီးတစ်ဦးအား မေ ၁၂ ရက် နေ့လည် ၁ နာချိန် ဖမ်းဆီးအရေးယူထားကြောင်းတနိုင်းမြို့မရဲစခန်းထံမှ သိရသည်။

ဖြစ်စဥ်မှာ တနိုင်းမြို့ ဆွတ်ငိုင်ရပ်ကွက်တွင် ချဲ နှစ်လုံးအားရောင်းချပြုလုပ်နေကြောင်း သတင်းရရှိ၍ နယ်မြေခံရဲတပ်ဖွဲ့၊အမျိုးသမီးရဲတပ်ဖွဲ့ဝင်နှင့်အုပ်ချုပ်ရေးမှူး ဦးဟန်ဂေါင်း၊ရာအိမ်မှူး ဦးမောပုန်တို့ပါဝင်သော ပူးပေါင်းအဖွဲ့မှ မချိုသဲလွင်၏နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ နေအိမ်တွင်အသင့်တွေ့ရှိရပြီး ၎င်းနေအိမ်ရှေ့ခန်းရှိ သစ်သားစားပွဲပေါ်တွင် ချဲထီနှစ်လုံးရောင်းချသည့် စာရွက်ဘောင်ချာများနှင့်ပိုက်ဆံများ အခြားဆက်စက် ကိရိပစ္စည်းတို့အား ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယင်းပြစ်မှုကျူးလွန်သူ မချိုသဲလွင် ၄၁ နှစ်အား တနိုင်းမြို့မရဲစခန်း၏ ပ-၂၂/၂၀၂၂ လောင်းကစားဥပဒေပုဒ်မ-၁၈ ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်း သိရသည်၊၊

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။