Trending Now

ဆူဒန္ အာဏာပုိင္ေတြ အမ်ဳိးသမီးထု ကို မ်က္ရည္ယုိဗုံးျဖင့္ အျပင္းအထန္ျဖဳိခြဲ

Spread the love

ဆူဒန္ အာဏာပုိင္ေတြ အမ်ဳိးသမီးထု ကို မ်က္ရည္ယုိဗုံးျဖင့္ အျပင္းအထန္ျဖဳိခြဲ
EPN
ရန္​ကုန္​ ေဖေဖာ္ဝါရီ ၁၁

ဆူဒန္ႏုိင္ငံမွာ ယခုႏွစ္အတြင္း ဆႏၵျပပြဲေတြ ေၾကာင့္ ဖမ္းဆီးခံထားရသည့္ အမ်ဳိးသမီးမ်ားကို ျပန္လည္လႊတ္ေပးရန္အတြက္ ေတာင္းဆုိသည့္ ဆႏၵျပပြဲမွာ လုံျခဳံေရးတပ္ဖြဲ ႔ က အမ်ဳိးသမီးငယ္အမ်ားအျပားကို မ်က္ရည္ယုိဗုံးျဖင့္
ျဖိဳ ခြဲခဲ႔ေၾကာင္းသိရသည္။
၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလကတည္းက ဆူဒန္ သမၼတ Omar al-Bashir ကုိ ဆန္႔က်င္သည့္ ဆႏၵျပပြဲမ်ား အၾကီးအက်ယ္ ေပၚထြက္လာခဲ႔ျပီး လုံျခဳံေရးတပ္မာ်းႏွင့္ ဆႏၵျပသူမ်ားအၾကား Omdurman ျမိဳ ႔ တြင္းမွာ မၾကာခဏ ျပႆနာမ်ားျဖစ္ေပၚေနျခင္းျဖစ္သည္။
သမၼတ Bashir ရဲ ႔ ဆယ္စုႏွစ္ ၃ စုၾကာ အာဏာစြဲကုိင္မႈ ေအာက္မွာ ဆူဒန္အမ်ဳိးသမီးထု အေနျဖင့္ စီးပြားေရးၾကပ္တည္းလာမႈ၊ဖိႏွိပ္မႈ မ်ား ႏွင့္ အႏုိင္က်င့္ ဗုိလ္က် မႈမ်ား လႊမ္းမုိးလာမႈ အစရွိသည္တုိ႔ ကုိ အန္တု ၍ ဆန္႔က်င္ေၾကာင္း ဆႏၵျပေနျခင္းလည္းျဖစ္သည္။
ေထာင္တြင္း မွ အမ်ဳိးသမီးအမ်ားအျပား ျပန္လည္လႊတ္ေပးေရး ဆႏၵျပေနသည့္ အမ်ဳိးသမီးထုေၾကာင့္ အာဏာရွင္ Bashir နဲ ႔ ၄င္းရဲ ႔ အၾကီးတန္းအရာရွိမ်ားက ဖမ္းဆီးထားသည့္ ဆႏၵျပ ျပည္သူမ်ားကို ျပန္လည္လႊတ္ေပးမည္ျဖစ္ေၾကာင္းလည္း ကတိေပးေျပာဆုိထားသည္။
ႏုိင္ငံတကာ ေစာင့္ၾကည့္ေရးအဖြဲ ႔ အစည္းမ်ားရဲ ႔ ေျပာဆုိခ်က္ထဲမွာေတာ႔ Bashir အေနျဖင့္ ဖမ္းဆီးထားသည့္ အမ်ဳိးသမီးမ်ားကို ျပန္လည္လႊတ္ေပးျခင္းမရွိခဲ႔တာေၾကာင့္ ယခုကဲ႔သုိ႔ အမ်ဳိးသမီးထု က လမ္းေပၚမွာ ဆႏၵျပေနျခင္းျဖစ္ေၾ႕ာင္းလည္း ႏုိင္ငံတကာသတင္းမ်ားသုိ႔ ေရးသားေျပာဆုိထားၾကသည္။
ယခုတစ္ပတ္ တနဂၤေႏြေန႔မွာေတာ႔ Omdurman’ ျမိဳ ႔ ရဲ ႔ လမ္းေတြ ေပၚမွာ ပိတ္ဆုိ႔ ဆႏၵျပပြဲမ်ားပုိမုိျပင္းထန္လာျပီး ဆရာဝန္အမ်ားအျပား ဟာ ေဆးရုံမ်ားအတြင္းမွ ေန၍ ဆႏၵျပသည့္ လႈပ္ရွားမႈမ်ားကို ေထာက္ခံခဲ႔ၾကေၾကာင္းလည္းသိရသည္။
ကုိေဇာ္

ဆူဒန် အာဏာပိုင်တွေ အမျိုးသမီးထု ကို မျက်ရည်ယိုဗုံးဖြင့် အပြင်းအထန်ဖြိုခွဲ

EPN
ရန်ကုန် ဖေဖော်ဝါရီ ၁၁

ဆူဒန်နိုင်ငံမှာ ယခုနှစ်အတွင်း ဆန္ဒပြပွဲတွေ ကြောင့် ဖမ်းဆီးခံထားရသည့် အမျိုးသမီးများကို ပြန်လည်လွှတ်ပေးရန်အတွက် တောင်းဆိုသည့် ဆန္ဒပြပွဲမှာ လုံခြုံရေးတပ်ဖွဲ့ က အမျိုးသမီးငယ်အများအပြားကို မျက်ရည်ယိုဗုံးဖြင့် ဖြို ခွဲခဲ့ကြောင်းသိရသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလကတည်းက ဆူဒန် သမ္မတ Omar al-Bashir ကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများ အကြီးအကျယ် ပေါ်ထွက်လာခဲ့ပြီး လုံခြုံရေးတပ်မာျးနှင့် ဆန္ဒပြသူများအကြား Omdurman မြို့ တွင်းမှာ မကြာခဏ ပြဿနာများဖြစ်ပေါ်နေခြင်းဖြစ်သည်။

သမ္မတ Bashir ရဲ့ ဆယ်စုနှစ် ၃ စုကြာ အာဏာစွဲကိုင်မှု အောက်မှာ ဆူဒန်အမျိုးသမီးထု အနေဖြင့် စီးပွားရေးကြပ်တည်းလာမှု၊ဖိနှိပ်မှု များ နှင့် အနိုင်ကျင့် ဗိုလ်ကျ မှုများ လွှမ်းမိုးလာမှု အစရှိသည်တို့ ကို အန်တု ၍ ဆန့်ကျင်ကြောင်း ဆန္ဒပြနေခြင်းလည်းဖြစ်သည်။

ထောင်တွင်း မှ အမျိုးသမီးအများအပြား ပြန်လည်လွှတ်ပေးရေး ဆန္ဒပြနေသည့် အမျိုးသမီးထုကြောင့် အာဏာရှင် Bashir နဲ့ ၎င်းရဲ့ အကြီးတန်းအရာရှိများက ဖမ်းဆီးထားသည့် ဆန္ဒပြ ပြည်သူများကို ပြန်လည်လွှတ်ပေးမည်ဖြစ်ကြောင်းလည်း ကတိပေးပြောဆိုထားသည်။

နိုင်ငံတကာ စောင့်ကြည့်ရေးအဖွဲ့ အစည်းများရဲ့ ပြောဆိုချက်ထဲမှာတော့ Bashir အနေဖြင့် ဖမ်းဆီးထားသည့် အမျိုးသမီးများကို ပြန်လည်လွှတ်ပေးခြင်းမရှိခဲ့တာကြောင့် ယခုကဲ့သို့ အမျိုးသမီးထု က လမ်းပေါ်မှာ ဆန္ဒပြနေခြင်းဖြစ်ေြ့ာင်းလည်း နိုင်ငံတကာသတင်းများသို့ ရေးသားပြောဆိုထားကြသည်။

ယခုတစ်ပတ် တနင်္ဂနွေနေ့မှာတော့ Omdurman’ မြို့ ရဲ့ လမ်းတွေ ပေါ်မှာ ပိတ်ဆို့ ဆန္ဒပြပွဲများပိုမိုပြင်းထန်လာပြီး ဆရာဝန်အများအပြား ဟာ ဆေးရုံများအတွင်းမှ နေ၍ ဆန္ဒပြသည့် လှုပ်ရှားမှုများကို ထောက်ခံခဲ့ကြကြောင်းလည်းသိရသည်။

ကိုဇော်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။