Trending Now

တရုတ် နှင့် တင်းမာနေချိန်တွင် ထိုင်ဝမ်သမ္မတ နှင့် အမေရိကန် အထက်လွှတ်တော်အမတ်တို့ ထပ်မံ တွေ့ဆုံ

Spread the love

တရုတ် နှင့် တင်းမာနေချိန်တွင် ထိုင်ဝမ်သမ္မတ နှင့် အမေရိကန် အထက်လွှတ်တော်အမတ်တို့ ထပ်မံ တွေ့ဆုံ

EPN
နိုင်ငံတကာ၊ သြဂုတ် ၂၆

အမေရိကန်အထက်လွှတ်တော်အမတ် မာရှာ-ဘလက်ဘန်းသည် ထိုင်ဝမ်သမ္မတ ဆိုင်-အင်းဝမ် နှင့် ယနေ့ သြဂုတ်လ ၂၆ ရက်နေ့တွင် တွေ့ဆုံခဲ့ကြသည်။

အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ ၏ ယခုလအစောပိုင်း ခရီးစဉ်နောက်ပိုင်း တရုတ်နိုင်ငံနှင့် ထိုင်ဝမ်တို့ တင်းမာမှုများ သိသိသာသာ တိုးမြင့်လာပြီးနောက် အမေရိကန် ကွန်ဂရက်အဖွဲ့ဝင်များက ဒုတိယအကြိမ် လာရောက်ခြင်း ဖြစ်သည်။

အမေရိကန် အထက်လွတ်တော်အမတ် ဘလက်ဘန်းက ပေလိုစီ၏ ခရီးစဉ်ကြောင့် တရုတ်က ပြုလုပ်ခဲ့သည့် စစ်ရေးလေ့ကျင့်မှုများနှင့် ရုရှား၏ ယူကရိန်းအပေါ် ကျူးကျော်မှုများကို ကိုးကားပြီး အာဏာရှင်များက ဒီမိုကရေစီအစိုးရများအပေါ် စိန်ခေါ်နေသည်ဟု ပြောဆိုခဲ့သည်။

“ဒီဖြစ်စဉ်တွေက အာဏာရှင်နိုင်ငံတွေဟာ ကမ္ဘာ့စည်းမျဉ်းစည်းကမ်းတွေကို နှောင့်ယှက်ပြီး ခြိမ်းခြောက်နေတယ်ဆိုတာ သက်သေပြနေပါတယ်” ဟု သူမက ဆိုသည်။

ရီပတ်ဘလီကန်တစ်ဦးဖြစ်သူ ဘလက်ဘန်းသည် အစိုးရနှစ်ရပ်ကြား ဆက်ဆံရေးခိုင်မာမှုကို ထပ်မံအတည်ပြုခဲ့ပြီး လွတ်လပ်သောနိုင်ငံအဖြစ် တွန်းအားပေးဆောင်ရွက်လျက်ရှိသည့် ထိုင်ဝမ်အား ဆက်လက်ပံ့ပိုးကူညီရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ထိုင်ဝမ်အား ၎င်း၏ပိုင်နက်နယ်မြေအဖြစ် အခိုင်အမာပြောဆိုထားပြီး လိုအပ်ပါက အင်အားသုံး သိမ်းယူသွားမည်ဟု သတိပေးထားသည်။ ထိုင်ဝမ်သို့ အမေရိကန် အဆင့်မြင့်အရာရှိများ လာရောက်လည်ပတ်ခြင်းသည် တရုတ်ပြည်တွင်းရေးကစ္စရပ်များကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်ကြောင်း တရုတ်က ပြောဆိုထားသည်။

တရုတ်၏ မကြာသေးမီက စစ်ရေးလေ့ကျင့်မှုသည် ကျွန်းအား သိမ်းယူရန်ပြင်ဆင်သည့် အနာဂတ် စစ်ရေးလေ့ကျင့်မှုအဖြစ် အချို့က ရှုမြင်ကြပြီး လာမည့်နှစ်အနည်းငယ်အတွင်း ထိုင်ဝမ်သို့ အမေရိကန် စစ်ခေါင်းဆောင်များ ရောက်ရှိလာနိုင်သည်ဟု ဆိုကြသည်။

“အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာတဝှမ်းလုံးရှိ လွတ်လပ်မှုကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် ခိုင်ခိုင်မာမာရပ်တည်ပြီး ကျွန်ုပ်တို့နိုင်ငံနှင့် ကျွန်ုပ်တို့၏မဟာမိတ်များကို ထိခိုက်စေရန် ကြိုးပမ်းမှုများကို သည်းခံမည်မဟုတ်ပါ။” ဟု ဘလက်ဘန်းက ယနေ့နံနက်အစေားပိုင်က တွစ်တာတွင်ပြောကြားခဲ့သည်။

ထိုင်ဝမ်သမ္မတနှင့် ဘလက်ဘန်းတို့ တွေ့ဆုံမှုအတွင် အမေရိကန်တွင် အိမ်တွင်းရင်းနှီးမြုပ်နှံမှုပြုလုပ်ရန် ဆောက်ရွက်နေသည့် တစ်ပိုင်းလျှပ်ကူးပစ္စည်းကဏ္ဍတွင် ထိုင်ဝမ်နှင့် စီးပွားရေးအရ ချိတ်ဆက်လုပ်ဆောင်ရန် ဆွေးနွေးခဲ့ကြသည်ဟုဆိုသည်။

အမေရိကန် အထက်လွတ်တော်အမတ်သည် ၎င်း၏ သုံးရက်ကြာ ခရီးစဉ်အတွင်း ထိုင်ဝမ် အမျိုးသား လုံခြုံရေးကောင်စီ အကြီးအကဲနှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။

Source – AP

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။