Trending Now

ဂျပန်ဝန်ကြီးချုပ်က ကင်ဂျုံအန်းနဲ့ ထိပ်သီးဆွေးနွေးပွဲပြုလုပ်ဖို့ တောင်းဆိုထားတယ်လို့ မြောက်ကိုရီးယားပြော

Spread the love

ဂျပန်ဝန်ကြီးချုပ်က ကင်ဂျုံအန်းနဲ့ ထိပ်သီးဆွေးနွေးပွဲပြုလုပ်ဖို့ တောင်းဆိုထားတယ်လို့ မြောက်ကိုရီးယားပြော

EPN
နိုင်ငံတကာ၊ မတ် ၂၆

ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက သူ့အစ်ကိုနဲ့ ထိပ်သီးတွေ့ဆုံဖို့ တောင်းဆိုထားပြီး တိုကျိုက မူဝါဒအပြောင်းအလဲမရှိဘဲ တွေ့ဆုံဆွေးနွေးဖို့ မဖြစ်နိုင်ဘူးလို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ညီမဖြစ်သူက မတ်လ ၂၅ ရက်နေ့က ပြောကြားခဲ့ပါတယ်။

ကာလကြာရှည် အငြင်းပွားမှုတွေနဲ့ မြောက်ကိုရီးယားရဲ့ လက်နက်အစီအစဉ်တွေကြောင့် နှစ်နိုင်ငံဆက်ဆံရေးတင်းမာမှုတွေ ရှိနေပေမယ့် ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက မကြာသေမီက ဆက်ဆံရေးမြှင့်တင်လိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ပြုံယမ်းကလည်း ဆန့်ကျင်ခြင်းမရှိကြောင်း အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။

ဂျပန်၀န်ကြီးချုပ်က ကြိုတင်ပြင်ဆင်မှုရှိပဲ ကင်ဂျုံအန်းနဲ့ အလွတ်သဘောတွေ့ဆုံဖို့ ဆန္ဒရှိတယ်လို့ ပြီးခဲ့တဲ့နှစ်ကပြောကြားခဲ့ပြီး ၁၉၇၀ နဲ့ ၁၉၈၀ ခုနှစ်အတွင်း ဂျပန်နိုင်ငံသားတွေ ပြန်ပေးဆွဲခံရမှုအပါအ၀င် ပြဿနာအားလုံးကို ဖြေရှင်းဖို့ ဆန္ဒရှိတယ်လို့ ပြောပါတယ်။

“ဂျပန်၀န်ကြီးချုပ်က ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံတော် ရေးရာ ဥက္ကဋ္ဌနဲ့ အမြန်ဆုံး တွေ့ဆုံဖို့ သူ့ရဲ့ ရည်ရွယ်ချက်ကို ထုတ်ဖော် ပြောကြားခဲ့ပါတယ်” လို့ ကင်ယိုဂျောင်က တရားဝင် ကိုရီးယား ဗဟိုသတင်းအေဂျင်စီကို ပြောပါတယ်။

မြောက်ကိုရီးယားရဲ့ အဓိက ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဖြစ်တဲ့ ကင်ယိုဂျောင်ဟာ လာမယ့်လအတွင်း ဂျပန်ခေါင်းဆောင် မြောက်ကိုရီးယားကို လာရောက်လည်ပတ်ဖို့ ဖြစ်နိုင်ခြေရှိတဲ့ ဖိတ်ကြားချက်တစ်ရပ်ကို ပြီးခဲ့တဲ့က အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် “တိုကျိုဘက်ကနေ ခိုင်မာတဲ့ မူဝါဒပြောင်းလဲမှုမရှိဘဲ နှစ်နိုင်ငံဆက်ဆံရေးကို တိုးတက်အောင်လုပ်ဖို့ မဖြစ်နိုင်ကြောင်း မြောက်ကိုရီးယား-ဂျပန်ဆက်ဆံရေးသမိုင်းက သင်ခန်းစာပေးတယ်”လို့ သူမက ပြောကြားခဲ့ပါတယ်။

ဂျပန်ဟာ “နောက်ထပ်ဖြေရှင်းစရာမရှိတော့တဲ့ ပြန်ပေးဆွဲမှုကိစ္စမှာ ဆက်လက်စွဲမြဲနေခြင်းဟာ ဆက်ဆံရေးမြှင့်တင်ဖို့ မျှော်လင့်ချက် အကောင်အထည်ပေါ်လာမှာ မဟုတ်ပါဘူး” လို့ သူမသတိပေးခဲ့ပါတယ်။

ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက KCNA အစီရင်ခံစာကို သတိမပြုမိကြောင်းနဲ့ မြောက်ကိုရီးယားနဲ့ ထိပ်တန်းအဆင့် ဆွေးနွေးမှုတွေဟာ အရေးကြီးတဲ့အတွက် တိုက်ရိုက်မှတ်ချက်မပေးနိုင်ဘူးလို့ တနင်္လာနေ့က ပြောကြားခဲ့ပါတယ်။

ဂျပန်-မြောက်ကိုရီးယား ဆက်ဆံရေးအတွက် ပြန်ပေးဆွဲခြင်းကိစ္စကဲ့သို့သော ကိစ္စရပ်တွေကို ဖြေရှင်းဖို့လည်း အရေးကြီးပါတယ်။ဒါကြောင့်လည်း အရင်တုန်းက ပြောခဲ့သလိုပဲ ကျွန်တော်တို့ ထိန်းချုပ်မှုအောက်ကနေ မြောက်ကိုရီးယားကို ချဉ်းကပ်မှု အမျိုးမျိုးကို ပြုလုပ်ခဲ့တာပါ” လို့ ၀န်ကြီးချုပ်က ပြောပါတယ်။

Ref;CNA


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။