Trending Now

မြစ်ကြီးနားပြည်သူ့ဆေးရုံက Case144 ယနေ့ ဆေးရုံဆင်းခွင့်ရ

Spread the love

မြစ်ကြီးနားပြည်သူ့ဆေးရုံက Case144 ယနေ့ ဆေးရုံဆင်းခွင့်ရ

EPN
မြစ်ကြီးနား၊ မေ ၁၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးတွင် အထူးကြပ်မတ်ကုသမှုခံယူခဲ့သည့် Case 144 လူနာတွင် ရောဂါပိုးထပ်မတွေ့ရသောကြောင့် ယနေ့ မေလ(၁၁) ရက်နေ့တွင် ဆေးရုံက ဆင်းခွင့်ပေးလိုက်ပြီ ဖြစ်သည်။

၎င်း၏ ဆေးစစ်ချက်အဖြေမှာ မေလ(၅)နေ့က ပထမဆုံးအကြိမ် Negative ထွက်ထားပြီး (၄၈)နာရီအကြာ မေလ(၈)ရက်နေ့ နံနက်ပိုင်းက ဒုတိယအကြိမ်ထပ်မံစစ်ဆေးခဲ့ရာ ရောဂါပိုးထပ်မတွေ့သောကြောင့် ယခုကဲ့သို့ဆေးရုံမှ ဆင်းခွင့်ပေးလိုက်ကြောင်း မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးမှ သိရသည်။

ဆေးရုံဆင်းခွင့်ရသည့် Case 144 ကို Facility Quarantine ဝင်မည့်သူများထားရန်သတ်မတ်ထားသည့် သားဖွားသင်တန်းကျောင်းတွင် ပို့ဆောင်ထားပြီး နှစ်ပတ်ကြာဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း မြစ်ကြီးနားပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဘုန်းမော်က ဆိုသည်။

“ဆေးရုံဆင်းခွင့် ပေးတယ်ဆိုပေမယ့် ကွာရန်တင်းမှာ နှစ်ပတ်ဆက်နေရမယ်။ အဲ့ဒီနှစ်ပတ်ပြည့်ရင်တော့ ဆေးရုံကို နောက်ဆက်တွဲပြန်လာပြရမယ် ဒီချိန်မှ ကျန်းမာတယ် ဘာမှမဖြစ်ဘူးဆိုရင်မှ သူ့ကိုရောဂါပိုးကင်းစင်ပြီလို့ သတ်မတ်ပြီး လူတွေကြားထဲမှာသွားလာလို့ရမယ်”ဟု ဒေါက်တာဘုန်းမော်ကပြောသည်။

ယနေ့ ဆေးရုံဆင်းခွင့်ရ Case 144 သည် မိုးညှင်းမြို့က ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် အလုပ်လုပ်ကိုင်ခဲ့ဖူး၍ မိုးညှင်းသို့ပြန်ရောက်လာချိန်တွင် Quarantine အဖြစ်ထားရှိရာမှ ကိုဗစ်နိုင်တင်း ရောဂါပိုးတွေ့ ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဧပြီ ၂၄ ရက်နေ့က ထုတ်ပြန်ထားသည်။

လွမ်းအောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။