Trending Now

အမေရိကန်က ဂျပန်ပင်လယ်ကို လေယာဉ်တင်သင်္ဘော စေလွှတ်

Spread the love

အမေရိကန်က ဂျပန်ပင်လယ်ကို လေယာဉ်တင်သင်္ဘော စေလွှတ်

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၅

မြောက်ကိုရီးယားရဲ့ ရန်စမှုကို တုံ့ပြန်ဖို့ရည်ရွယ်တဲ့အနေနဲ့ အမေရိကန်က နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော US Ronald Reagan ကို ဂျပန်ပင်လယ်ပြင်မှာ ဖြန့်ကျက်ဖို့ စီစဉ်ထားတယ်လို့ ကိုရီးယား သတင်းတွေက ဖော်ပြထားပါတယ်။

အဲဒီ လေယာဉ်တင်သင်္ဘောဟာ စက်တင်ဘာ ၂၆ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ တောင်ကိုရီးယားမှာ ပြုလုပ်တဲ့ အမေရိကန်- တောင်ကိုရီးယား ပူတွဲစစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ သီတင်းပတ်ကမှ တောင်ကိုရီးယားရေပိုင်နက်ကနေ ထွက်ခွာခဲ့တာဖြစ်ပါတယ်။

“ဒါက မြောက်ကိုရီးယားရဲ့ ရန်စ ဒါမှမဟုတ် ခြိမ်းခြောက်မှုမှန်သမျှကို ပြတ်ပြတ်သားသား တုံ့ပြန်ဖို့ အဆင်သင့်အနေအထား ဖြစ်နေတာကို ပြသတာဖြစ်သလို ကိုရီးယား-အမေရိကန် မဟာမိတ်ရဲ့ ခိုင်မာအားကောင်းစေမယ့် ပြတ်ပြတ်သားသားဆန္ဒကို ပြသနေပါတယ်” လို့ တောင်ကိုရီးယား ပွဲတွဲစစ်ဦးစီးချုပ်ရုံးက ထုတ်ပြန်ခဲ့ကြောင်း Yonhap သတင်းအေဂျင်စီက ဖော်ပြထားပါတယ်။

အင်္ဂါနေ့မနက်မှာ မြောက်ကိုရီးယားက ဂျပန်နိုင်ငံကို ဖြတ်ပျံသွားခဲ့တဲ့ ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်ခဲ့ပြီး ဂျပန်ပြည်သူတွေကို ဘေးလွတ်ရာမှာ ခိုလှုံဖို့ တွန်းအားပေးခဲ့တဲ့ ကာကွယ်ရေးဝန်ကြီးတွေနဲ့ တိုင်ပင်ပြီး ဒီလုပ်ရပ်ကို တောင်ကိုရီးယား အာဏာပိုင်တွေက လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

“တောင်ကိုရီးယား-အမေရိကန် မဟာမိတ်အဖွဲ့ဟာ အခြေအနေကို ခြေရာခံစောင့်ကြည့်နေပြီး မြောက်ကိုရီးယားရဲ့ ရန်စမှုမှုတွေကို ကြိုတင်ပြင်ဆင်ဖို့ ခိုင်မာတဲ့ ကြိုတင်ပြင်ဆင်မှုအနေအထားကို ထိန်းသိမ်းထားပါတယ်လို့ ” တောင်ကိုရီးယား ပူတွဲစစ်ဦးစီးချုပ်ရုံးက ဆိုပါတယ်။

— ကိုးကား —
news360
ref; United States sends aircraft carrier to the Sea of Japan

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။