Trending Now

နေရပ်အသီးသီးမှ ပြန်လာကြမည့် ဝန်ထမ်းများ Quarantine ဝင်ရောက်ရန်အတွက် မိုးညှင်းဒီဂရီကောလိပ်တွင် သန့်ရှင်းရေးနှင့် ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်နေ

Spread the love

နေရပ်အသီးသီးမှ ပြန်လာကြမည့် ဝန်ထမ်းများ Quarantine ဝင်ရောက်ရန်အတွက် မိုးညှင်းဒီဂရီကောလိပ် တွင် သန့်ရှင်းရေးနှင့် ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်နေ

EPN
မိုးညှင်း မေ ၂၁

ကချင်ပြည်နယ် မိုးညှင်းဒီဂရီကောလိပ်သို့ တာဝန်ထမ်းဆောင်ရန်ပြန်လာကြမည့် ပညာရေး ဝန်ထမ်းများ အနေနှင့် Quarantine ဝင်ရောက်ရမည်ဖြစ်သဖြင့် မိုးညှင်းမြို့နယ် COVID- 19 ထိန်းချုပ်ကာကွယ် ကုသရေးကော်မတီမှ မေလ (၂၁)ရက်နေ့ နေ့လယ်(၃)နာရီအချိန်က အဆောင်များကို သန့်ရှင်းရေးဆောင်ရွက်ပြီး ပိုးသတ်ဆေးဖျန်းခဲ့ကြသည်။

မိုးညှင်းဒီဂရီကောလိပ်သို့ ပြန်လာကြမည့် ပညာရေးဝန်ထမ်းများအား Quainantine ဝင်ရောက်စေမည့် အခြေအနေနှင့် အဆောင်များ စီမံထားရှိမှုများနှင့် ပတ်သက်ပြီး မိုးညှင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦးက ယခုကဲ့သို့ဆိုသည်။

“ရောဂါပိုးတွေ့ရှိတဲ့ ဒေသက ပြန်လာကြသူများနဲ့ ရောဂါပိုးကင်းစင်တဲ့ နေရာက ပြန်လာကြသူတွေကို သီးသန့်စီ ခွဲကာ Quarantine ဝင်ရောက်စေမှာ ဖြစ်လို့ ဒီကျောင်းဝင်းအတွင်းမှာ နေရာ ၂ခု စီစဉ် ထားပါတယ်” ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆန်းဦးက ဆိုသည်။

မိုးညှင်းဒီဂရီကောလိပ်သို့ မူလတာဝန်ထမ်းဆောင်ရန်အတွက် အနယ်နယ်အရပ်ရပ်မှ ပြန်လာကြမည့် ပညာရေးဝန်ထမ်း စုစုပေါင်း (၇၂)ဦးရှိပြီး COVID-19 ပိုးရှိရာ ဒေသမှ ပြန်လာမည့် ဝန်ထမ်း (၂၈) ဦး၊ ပိုးကင်စင်ရာဒေသက ပြန်လာမည့် ဝန်ထမ်း (၄၄) ဦးတို့အား ဒီဂရီကောလိပ်အတွင်းရှိ စံပယ်ဆောင် နှင့် ကံ့ကော်ဆောင်တို့တွင် သီးသန့်စီ Quarantine ဝင်ရောက်စေမည် ဖြစ်ကြောင်း သိရသည်။

မင်္ဂလာဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။