Trending Now

ကချင်ပြည်နယ်တွင် ယခုလအတွင်း မိုးများစွာ ရွာသွန်းနိုင်

Spread the love

ကချင်ပြည်နယ်တွင် ယခုလအတွင်း မိုးများစွာ ရွာသွန်းနိုင်

EPN
မြစ်ကြီးနား၊ မတ် ၁၆

ဘဂ်လားပင်လယ်အော်တွင် အားအသင့်အတင့်ရှိ 91B ဆိုက်ကလုန်း မုန်တိုင်း91B ဆိုက်ကလုန်း မုန်တိုင်း ဖြစ်ပေါ်နိုင်ပြီး 91B ၏ UAC အထက်လေဝဲစနစ်ကြောင့် ကချင်ပြည်နယ်တွင် မတ်လ ၂၄ရက် နေ့မှ ၂၆ရက်နေ့အတွင်း မိုးများစွာရွာသွန်းနိုင်ကြောင်း မိုးလေဝသပညာရှင် စုစုစံက ပြောကြားထားသည်။

ယင်း 91B ဆိုက်ကလုန်း မုန်တိုင်းကြောင့် မတ်လ ၂၄ရက်နေ့တွင် ရခိုင်ပြည်နယ်မြောက်ပိုင်း မြန်မာ-ဘင်္ဂလားဒေချ့် နယ်စပ်မှ ကုန်းတွင်းဖြတ်ကျော် ဝင်ရောက်နိုင်ပြီး ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်သို့ရောက်ရှိကာ အဆိုပါဒေသများတွင် မတ်လ ၂၄ရက် ၂၅ရက်နေ့တွေမှာ မိုးများစွာရွာသွန်းနိုင်ကြောင်းသိရသည်။

မတ်လ၂၃ရက်နေ့တွင် ရခိုင်ကမ်းရိုးတန်းအနီးအနောက်ဖက် ဘင်္ဂလားပင်လယ်အော်၌ အားအသင့်အတင်ရှိမုန်တိုင်း 91B cyclone ဖြစ်နိုင်ပြီး ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း တို့တွင်လည်း မိုးများစွာရွာသွန်းနိုင်သည်ဟု ဖော်ပြထားသည်။

၎င်းအပြင် မတ်လ ၂၂ရက်နေ့မှ ၂၄ရက်နေ့အတွင်း 91B ဆိုက်ကလုန်း အန္တရာယ်ရှိသောကြောင့် ရခိုင်ကမ်းရိုးတန်းအနီး ဘင်္ဂလားပင်လယ်အော်အတွင်း လှေသင်္ဘောများသွားလာခြင်း ငါးဖမ်းခြင်းမပြုလုပ်ကြရန်လည်း နှိုးဆော်ထားသည်။

ဇက်ကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။