Trending Now

၂၀၀၈ ခုနှစ် ဗုံးခွဲမှုနှင့် ပတ်သက်ပြီး အိန္ဒိယ တရားရုံးက လူ ၃၈ ဦးကို သေဒဏ် ချမှတ်

Spread the love

၂၀၀၈ ခုနှစ် ဗုံးခွဲမှုနှင့် ပတ်သက်ပြီး အိန္ဒိယ တရားရုံးက လူ ၃၈ ဦးကို သေဒဏ် ချမှတ်
EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၉
အန္ဒိယနိုင်ငံ အဟ်မဒါဘတ် မြို့တွင် ၂၀၀၈ ခုနှစ်က ဗုံးခွဲတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး လူပေါင်း ၃၈ ဦးကို ဖေဖော်ဝါရီ ၁၈ ရက်က သေဒဏ်ချမှတ်လိုက်သည်။
၂၀၀၈ ခုနှစ်တွင် အနောက်ဂူဂျာရတ်ပြည်နယ်အတွင်း ဈေးများ၊ ဘတ်စ်ကားများနှင့် အခြားအများပြည်သူ ဆိုင်ရာနေရာများကို တိုက်ခိုက်မှုပြုလုပ်ခဲ့ဖြင့် တိုက်ခိုက်မှုများတွင် လူ ၅၆ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၂၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
အိန္ဒိယမူဂျာဟီဒင်ဟု ခေါ်ဆိုသော အစ္စလာမ္မစ်အုပ်စုတစ်စုက ဂူဂျာရတ်တွင် ၂၀၀၂ ခုနှစ်က လူပေါင်း ၁၀၀၀ ခန့် သေဆုံးခဲ့သည့် ဘာသာရေး အဓိကရုဏ်းများအတွက် လက်စားချေသည့် ဗုံးပေါက်ကွဲမှုများ ဖြစ်သည်ဟု ပြောဆိုခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် တရားရုံးက အဆိုပါတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး လူပေါင်း ၄၉ ဦးကို ပြစ်ဒဏ်ချမှတ်ခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခံရသူ ၄၉ ဦးအနက် ၃၈ ဦးကို တရားသူကြီးက သေဒဏ်ချမှတ်ခဲ့ကြောင်း အစိုးရရှေ့နေ အာမစ်ပါတဲလ် က ပြောကြားခဲ့သည်။
“တရားစွဲဆိုခံရသူ ၁၁ ဦးကို သေတဲ့အထိ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ထားပါတယ်… တရားရုံးက ဒီအမှုကို အရှားပါးဆုံးအဖြစ် ယူဆထားပါတယ်” ဟု ၎င်းက ဆိုသည်။
ပြစ်ဒဏ်ချမှတ်ခံရသူအားလုံးသည် လူသတ်မှုနှင့် ရာဇဝတ်ပူးပေါင်းကြံစည်မှုတို့ဖြင့် အပြစ်ရှိကြောင်း တွေ့ရှိပြီး လူ ၇၇ ဦးကို တရားစွဲဆိုထားသော်လည်း ၂၈ ဦးကို တရားသေလွှတ်ပေးခဲ့သည်။
အိန္ဒိယ၏ ရှုတ်ထွေးသော ဥပဒေစနစ်ကြောင့် ဆယ်စုနှစ်တစ်ခုကျော်ကြာ သက်သေထွက်ဆိုရန် တရားရုံးသို့ ခေါ်ခံရသူ ၁၁၀၀ ကျော်ရှိခဲ့ပြီး သံသယရှိသူ ၇၇ ဦး အနက် schizophrenia ရောဂါရှာဖွေတွေ့ရှိပြီးနောက် အာမခံရရှိထားသူတစ်ဦးမှလွဲ၍ ကျန်လူများကို ချုပ်ထဲတွင် နှစ်ပေါင်းများစွာ ထိန်းသိမ်းခံထားရသည်။
အဟ်မဒါဘတ် တွင် ဖြစ်ပွားခဲ့သည့် အဆိုပါဗုံးခွဲတိုက်ခိုက်မှုသည် ဂိုဏ်းဂဏအကြမ်းဖက်မှုအတွင်း မွတ်ဆလင် အများစုကို ပစ်သတ်၊ မီးရှို့သတ်ခဲ့ပြီး အနည်းဆုံး လူ ၁,၀၀၀ ထက်မနည်း သေဆုံးခဲ့သည့် ၂၀၀၂ ဘာသာရေး အဓိကရုဏ်းများမှ စတင်ခဲ့ခြင်းဖြစ်သည်။
— ကိုးကား —
CNA
Ref; India court sentences 38 to death over 2008 bombings

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။