Trending Now

မဟာမိတ်များအား လက်နက်များတပ်ဆင်ပေးရန် ရုရှားအဆင်သင့်ရှိနေကြောင်း ပူတင်ပြော

Spread the love

မဟာမိတ်များအား ခေတ်မီလက်နက်များတပ်ဆင်ပေးရန် ရုရှားအဆင်သင့်ရှိနေကြောင်း ပူတင်ပြော

EPN

နိုင်ငံတကာ ၊ ဩဂုတ် ၁၆

ရုရှာသည် လက်တင်အမေရိက၊ အာရှနှင့် အာဖရိကရှိ နိုင်ငံများနှင့် ဆက်ဆံရေးကို တန်ဖိုးထားပြီး မဟာမိတ်များအတွက် ခေတ်မီလက်နက်များ ရောင်းချပေးရန်နှင့် စစ်ရေးနည်းပညာများ ပူးပေါင်းဆောင်ရွက်သွားရန် အဆင်သင့်ရှိနေကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က သြဂုတ်လ ၁၅ ရက်နေ့တွင် ပြောကြားလိုက်သည်။

မာ်စကိုမြို့အနီးတွင်ပြုလုပ်သည့် “Army 2022” စစ်ဘက်ဆိုင်ရာစက်ပစ္စည်းကိရိယာများနှင့် စစ်ရေးပြပွဲ အခမ်းအနားတွင် ပူတင်က ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့က မဟာမိတ်တွေကို ခေတ်အမီဆုံး လက်နက်ငယ်တွေကနေ သံချပ်ကာယာဉ်တွေ နဲ့ မောင်းသူမဲ့လေယာဉ်တွေအထိ ထောက်ပံ့ပေးနိုင်ဖို့ အဆင့်သင့်ရှိနေပါတယ်။” ဟု ပူတင်က ပြောသည်။

ရုရှားလက်နက်များသည် ပြိုင်ဘက်များထက် သိသိသာသာ သာလွန်သည်ပြီး “သူတို့အားလုံးနီးပါးကို လက်တွေ့ တိုက်ခိုက်ရေး စစ်ဆင်ရေးတွေမှာ တစ်ကြိမ်ထက်ပိုပြီး စမ်းသပ်ထားပြီးဖြစ်ပါတယ်။” ဟု ပူတင်ကပြောသည်။

ရုရှားနိုင်ငံပိုင်မီဒီယာ၏အဆိုအရ အဆိုပါ စစ်ရေးပြအခမ်းအနားတွင် နိုင်ငံပေါင်း ၇၂ နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရုရှားနိုင်ငံသည် စစ်ရေးအရ ဆုတ်ယုတ်မှုများစွာ ကြုံတွေ့ခဲ့ရသည့် ယူကရိန်းကို ကျူးကျော်ဝင်ရောက်ပြီး ခြောက်လနီးပါးအကြာတွင် ပူတင်၏ အဆိုပါမှတ်ချက်များ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

စစ်ပွဲအတွင်း ရုရှားဆုံးရှုံးမှုသည် နိုင်ငံ၏လက်နက်တင်ပို့မှုအပေါ် သက်ရောက်မှုရှိနိုင်ကြောင်း အနောက်နိုင်ငံမှ လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။

Source – ရိုက်တာ – DW


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။