Trending Now

ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် သိန်း ၈၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Spread the love

ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် သိန်း ၈၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား ၊ ဇွန် ၁၅

ကချင်ပြည်နယ်၊ မိုးညှင်းမြို့တွင် သိန်း ၈၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ နှင့်အတူ အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး နှစ်ဦးကို ဇွန် ၁၄ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

မိုးညှင်းမြို့၌ ဇွန်လ ၁၄ ရက်နေ့ နေ့လည် ၁၂ နာရီခွဲ အချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့်အတူ ဟိုပင်သွားကားလမ်းဘေးရှိ စားသောက် ဆိုင်အတွင်း အောင်ဇော်ဇော်လင်း၊ လင်းအောင်၊ မလဝိုင်း နှင့် မချောစိန် တို့အား စစ်ဆေးရှာဖွေရာ မလဝိုင်း ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၅၅၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၈၃.၂၅ သိန်း)၊ နှင့် မော်တော်ဆိုင်ကယ် ၃ စီးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူ အောင်ဇော်ဇော်လင်း (၃၃)နှစ်၊ လင်းအောင်(၄၀) နှစ်၊ မလဝိုင်း (၂၄)နှစ် နှင့် ဒေါ်ချောစိန်(၄၂) နှစ်တို့အား မိုးညှင်းမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များအား ဆက်လက် ဖော် ထုတ်လျက်ရှိကြောင်း သိရသည်။

လှဆောင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။