Trending Now

သီရိလင်္ကာသမ္မတဟောင်း ရာဂျာပက်ဆာ ထိုင်းနိုင်ငံကို ရောက်ရှိ

Spread the love

သီရိလင်္ကာသမ္မတဟောင်း ရာဂျာပက်ဆာ ထိုင်းနိုင်ငံကို ရောက်ရှိ

နိုင်ငံတကာ၊ သြဂုတ် ၁၂

သီရိလင်္ကာသမ္မတဟောင်း ရာဂျာပါကဆာ နဲ့ ဇနီးဖြစ်သူတို့ဟာ ယာယီနေထိုင်ဖို့အတွက် ထိုင်းနိုင်ငံကို ကြာသပတေးနေ့က ရောက်ရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံဟာ ရာဂျာပက်ဆာ သီရိလင်္ကာနိုင်ငံကနေ ထွက်ပြေးလာခဲ့ပြီးနောက် ယာယီနေထိုင်ခွင့်တောင်းခဲ့တဲ့ ဒုတိယမြောက် အရှေ့တောင်အာရှနိုင်ငံ ဖြစ်ပါတယ်။

ရာဂျာပက်ဆာ စင်ကာပူနိုင်ငံကနေ ထွက်သွားပြီလို့ စင်ကာပူ လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေ ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ကိုယ်ပိုင်လေယာဉ်နဲ့ ဘန်ကောက်မြို့ရဲ့ ဒွန်မောင်း အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုရောက်ရှိလာခဲ့တာပါ။

အဲဒီနောက် လေဆိပ်ကနေ ဇနီးဖြစ်သူနဲ့အတူ vip အခန်းကနေထွက်လာပြီး အနက်ရောင် ကားတစ်စီးနဲ့အတူ ထွက်ခွာသွားခဲ့ပါတယ်။ ဂိုတာဘာယာက နိုင်ငံရေးခိုလှုံခွင့်တောင်းခံဖို့ ရည်ရွယ်ချက်မရှိဘဲ ခေတ္တနေထိုင်သွားမှာ ဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

“ဒါက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပြဿနာဖြစ်ပြီး ယာယီနေထိုင်ခွင့် သဘောတူညီချက် တစ်ခုရှိပါတယ်။”လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာက ပြောခဲ့ပါတယ်။

ထိုင်းနိုင်ငံမှာ ဂိုတာဘာယာ နေထိုင်စဉ်အတွင်း ဘာနိုင်ငံရေးလှုပ်ရှားမှုမှ ပါဝင်နိုင်မှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။ သီရိလင်္ကာအစိုးရက ဂိုတာဘာယာရဲ့ထိုင်းနိုင်ငံခရီးစဉ်ကို ထောက်ခံခဲ့ပြီး သူ့ရဲ့သံတမန်နိုင်ငံကူးလက်မှတ်က ရက် (၉၀) နေထိုင်ခွင့်ပြုမှာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီး ဒွန်ပါရာမူဝီနိုင် က ပြောကြားသွားခဲ့ပါတယ်။

Source – aljazeera

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။