Trending Now

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အမေရိကန်လယ်သမားများသို့ ဒေါ်လာ ၁၉ ဘီလီယံ ပံ့ပိုးမည့်အစီအစဉ် သမ္မတ ဒေါ်နယ်ထရမ့် ကြေညာ

Spread the love

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အမေရိကန်လယ်သမားများသို့ ဒေါ်လာ ၁၉ ဘီလီယံ ပံ့ပိုးမည့်အစီအစဉ် သမ္မတ ဒေါ်နယ်ထရမ့် ကြေညာ

EPN
နိုင်ငံတကာ၊ ဧပြီ ၁၈

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဖြစ်ပွားနေစဉ် စီးပွားရေးအကျဘက်သို့ ရောက်ရှိနေသည့် လယ်ယာစိုက်ပျိုး ရေးလုပ်ငန်းကိုကူညီမည့် အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံ ပမာဏရှိ ငွေကြေးအစီအစဉ်တစ်ခုကို သမ္မတ ဒေါ် နယ်ထရမ့်က ဧပြီလ ၁၇ ရက်တွင် ကြေညာခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ၏ဆိုးကျိုး ကိုင်တွယ်ဖြေရှင်းနေရသည့် လယ်သမားများ၊ မွေးမြူရေးသမား များအတွက် အမေရိကန်အစိုးရက ဒေါ်လာ ၁၉ ဘီလီယံတန်ကြေးရှိ ကယ်ဆယ်ရေးအစီအစဉ်တစ်ရပ် အကောင် အထည်ဖော်ဆောင်မည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

အဆိုပါအစီအစဉ်တွင် ကပ်ရောဂါကာလအတွင်း မကြုံစဖူး ဆုံးရှုံးမှုများ ကြုံတွေ့ခဲ့ရသည်ဟု သမ္မတ ဒေါ် နယ်ထရမ့်က ပြောကြားခဲ့သည့် လယ်သမားများ၊ မွေးမြူရေးသမားများနှင့် ထုတ်လုပ်သူများသို့ တိုက်ရိုက် ငွေပေး ချေမှုများ ပါဝင်မည်ဖြစ်သည်။

စာသင်ကျောင်းများ၊ စားသောက်ဆိုင်များ ပိတ်ထားပြီး အမေရိကန်ပြည်သူအများစု နေအိမ်များ၌သာ စားသောက်ကြသောကြောင့် အမေရိကန်လယ်သမားများ အခက်အခဲကြုံခဲ့ရသည်ဟု လယ်ယာစိုက်ပျိုးရေးဝန် ကြီး ဆန်နီပါဂျူးက ပြောသည်။ ဒေါ်လာ ၃ ဘီလီယံခန့်ကို လယ်သမားများထံမှ ထုတ်ကုန်နှင့် နွားနို့များဝယ်ယူ ကာ အစားအစာဘဏ်များသို့ ပြန်လည်ဖြန့်ဖြူးသွားမည်ဟု ၎င်းက ပြောသည်။

အလုပ်အကိုင်များ ဆုံးရှုံးခဲ့သည့် သန်းနှင့်ချီသော အမေရိကန်ပြည်သူများမှာ မကြာသေးမီက အစားအစာ အတွက် အစားအစာဘဏ်များ၊ ကုန်စုံဆိုင်များဘက် ဉီးလှည့်လာခဲ့သည်။ အမေရိကန်လယ်ယာနှင့် စားသောက် ကုန်လုပ်ငန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် နည်းလမ်းပေါင်းစုံဖြင့် ရိုက်ခတ်ခြင်းခံခဲ့ရသည်။

လယ်သမားများက သီးနှံများရိတ်သိမ်းရန် ရာသီအလိုက် လုပ်သားများရှာဖွေရာတွင် အခက်အခဲရှိနေပြီး ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို အသားထုပ်ပိုးစက်ရုံများ အဆိုးရွားဆုံးခံခဲ့ရသည်။

တရုတ်နိုင်ငံနှင့်ဖြစ်ပွားသည့် သမ္မတ ဒေါ်နယ်ထရမ့်၏ ကုန်သွယ်ရေးစစ်ပွဲ အကျိုးသက်ရောက်မှုကြောင့် ပြီးခဲ့သောနှစ်နှစ်အတွင်း ထောက်ပံ့ ကြေးများရရှိခဲ့သည့် လယ်သမားများကို ပါဂျူးက ချီးကျူးခဲ့သည်။

–ကိုးကား–
အေအက်ဖ်ပီ
Ref; Trump announces $19 bn relief for farmers amid COVID-19 epidemic


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။