Trending Now

ဗြိတိန် ဝန်ကြီးချုပ်သစ် ဖြစ်လာတဲ့ လစ်ဇ်ထရက်စ်က ပထမနေ့မှာပဲ စွမ်အင်အကျပ်အတည်းကို ဖြေရှင်းမယ်လို့ပြော

Spread the love

ဗြိတိန် ဝန်ကြီးချုပ်သစ် ဖြစ်လာတဲ့ လစ်ဇ်ထရက်စ်က ပထမနေ့မှာပဲ စွမ်အင်အကျပ်အတည်းကို ဖြေရှင်းမယ်လို့ပြော

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၆

ဝန်ကြီးချုပ်နေရာကို စက်တင်ဘာ ၅ ရက်မှာ ရွေးကောက်တင်မြှောက် ခံလိုက်ရတဲ့ လစ်ဇ်ထရက်စ်က သူမရဲ့ ဝန်ကြီးချုပ်တာဝန်မထမ်းဆောင်ရသေးခင် ပထမနေ့မှာပဲ ဗြိတိန်ရဲ့ စွမ်းအင်အကျပ်အတည်းကို ဖြေရှင်းမယ်လို့ ကတိပြုခဲ့ပါတယ်။

လစ်ဇ်ထရက်စ်ဟာ ဝန်ကြီးချုပ်နေရာအတွက် ဘဏ္ဍာရေး ဝန်ကြီးဟောင်း ရီရှီဆူနက်ခ်နဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပြီး နောက်ဆုံးမှာတော့ ထရက်စ်က ၈၁၃၂၆ ဦး ထောက်ခံမဲရရှိခဲ့ပြီး ဆူနက်ခ်ကတော့ ၆၀၃၉၉ မဲသာရရှိခဲ့တဲအတွက် အနိုင်အရှုံး ပြတ်သားသွားခဲ့ပါတယ်။

ထရက်စ်က တဟုန်ထိုးမြင့်တက်နေတဲ့ စွမ်းအင်ကုန်ကျစရိတ်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ အခွန်တွေကို လျှော့ချသွားမယ်လို့ ကတိပေးထားပါတယ်။ ဒါ့အပြင် စွမ်းအင်ခွန်တောင်းခံလွှာတွေကိုလဲ ခေတ္တရပ်ဆိုင်းထားဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။

ထရက်စ်ဟာ ရာထူးက နုတ်ထွက်မယ်လို့ ကြေညာပြီးဖြစ်တဲ့ လက်ရှိ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆန်ရဲ့ နေရာကို အစားထိုး ဆက်ခံသွားမှာဖြစ်ပြီး ထရက်စ်ကို ဝန်ကြီးချုပ်သစ် အနေနဲ့ ဘုရင်မကြီး အဲလိဇဘက်သ်က စက်တင်ဘာ ၆ ရက်မှာ တရားဝင် ခန့်အပ်ပေးဖို့ စီစဉ်ထားပါတယ်။

ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆန်ဟာ ရာထူးက နုတ်ထွက်မယ်လို့ ကြေညာပြီး နှစ်လအတွင်း ဘယ်လိုအရေးပါတဲ့ မူဝါဒမျိုးကိုမှ ရွေးချယ် ချမှတ်ထားခြင်း မရှိခဲ့တဲ့အတွက် ဒီအတောအတွင်းမှာ ဖြစ်ပေါ်နေတဲ့ စွမ်းအင်နဲ့ စားနပ်ရိက္ခာ ဈေးနှုန်းတွေ မြင့်တက်မှုတွေအတွက် လူထုရဲ့ မကျေနပ်ဖြစ်နေတာတွေကို ထရက်စ်က ဖြေရှင်းရမှာပါ။

ဒါတွေကို ဖြေရှင်းဖို့ တတိယမြောက် အမျိုးသမီးဝန်ကြီးချုပ်ဖြစ်လာတဲ့ ထရက်စ်ဟာ သူ့ရဲ့ အစိုးရအဖွဲ့ကို ခန့်အပ်ပြီးနောက် ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲ ဆိုတာကိုနိုင်ငံတကာ က စောင့်ကြည့်နေကြပါတယ်။

— ကိုးကား —
bbc
ref; Liz Truss vows energy crisis action ahead of first day as PM

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။