Trending Now

မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်ခတ်မှုကို တုံ့ပြန်တဲ့ တောင်ကိုရီးယားပဲ့ထိန်းဒုံးကျည် ပျက်ကျပြီး ပေါက်ကွဲမှုဖြစ်ပွား

Spread the love

မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်ခတ်မှုကို တုံ့ပြန်တဲ့ တောင်ကိုရီးယားပဲ့ထိန်းဒုံးကျည် ပျက်ကျပြီး ပေါက်ကွဲမှုဖြစ်ပွား

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၅

မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်ခတ်မှုကို တုံ့ပြန်တဲ့ အနေနဲ့ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဟာ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ နဲ့ ဒုံကျည်တန်ပြန်ပစ်ခတ်မှုတွေ လုပ်ပြုလုပ်ခဲ့ရာ တောင်ကိုရီးယားရဲ့လေတပ်စခန်းအပြင်ဘက်မှာပဲ ပဲ့ထိန်းဒုံးကျည် တစ်စင်း မတော်တဆ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

ယမန်နေ့ မနက် အစောပိုင်းက ဂျပန်နိုင်ငံကို ဖြတ်ကျော်ပြီး အမေရိကန်ပိုင်နက် ဂူအမ်ကျွန်းအထိ တိုက်ခိုက်နိုင်စွမ်း ရှိတဲ့ လက်နက်တစ်မျိုးကို မြောက်ကိုရီးယားက အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ပြီးနောက် တောင်ကိုရီးယားက မကြေမနပ်ဖြစ်ပြီး တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။

ကျရောက်ပေါက်ကွဲမှု နဲ့ နောက်ဆက်တွဲပစ်ခတ်မှုတွေကြောင့် ကိုရီးယားကမ်းရိုးတန်းပေါ်ရှိ ဂန်းနား (Gangneung) မြို့မှာ နေထိုင်တဲ့ ပြည်သူတွေဟာ အထိတ်တလန့်ဖြစ်ခဲ့ကြပြီး ပေါက်ကွဲမှုဖြစ်စဉ် နဲ့ ပတ်သက်လို့ တောင်ကိုရီးယားစစ်တပ်နဲ့ အစိုးရက ရှင်းလင်းချက်မထုတ်ပြန်ခဲ့တာကြောင့်ပြည်သူတွေဟာ မြောကိုရီးယားရဲ့ တိုက်ခိုက်မှုလို့ထင်ပြီး စိုးရိမ်ထိတ်လန့်နေခဲ့ကြတာပါ။

ဆိုးလ်မြို့တော်အပြင်ဘက်က တောင်ကိုရီးယား လေတပ်အခြေစိုက်စခန်းတစ်ခုအတွင်း ကျရောက်ပေါက်ကွဲခဲ့တဲ့ တာတိုပစ် ဟူမိုး-၂ (Hyumoo-2) ပဲ့ထိန်းဒုံးကျည်ကြောင့် ပြည်သူတွေနဲ့ အဆောက်အဦးတွေ ထိခိုက်ဒဏ်ရာရမှု မရှိဘူးလို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံးက ပြောကြားခဲ့ပါတယ်။

ဂန်းနားဒေသ ကိုယ်စားပြုအာဏာရပါတီမှ လွှတ်တော်အမတ်ဖြစ်သူ ကွမ်ရှောင်ဒုန်း (Kwon Seong-dong) က “ကျနော်တို့အခွန်ထမ်းပြည်သူတွေရဲ့ ငွေနဲ့ ဝယ်ယူထုတ်လုပ်ထားတဲ့ လက်နက်စနစ်ကနေ ကျနော်တို့ပြည်သူတွေ ကို ခြိမ်းခြောက်သွားတယ်” ဟု မှတ်ချက်ချခဲ့ပါတယ်။

ဒါ့အပြင် ဒုံးကျည်ကျရောက်ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး စေ့စပ်သေချာစွာ စုံစမ်းစစ်ဆေးသွားဖို့ကိုလည်း တောင်ကိုရီးယားစစ်တပ်ကို မိမိ တောင်းဆိုခဲ့ကြောင်း ကွမ်ရှောင်ဒုန်းက ဖေ့စ်ဘုတ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။

အမေရိကန် နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှု နဲ့ပတ်သက်ပြီး မီဒီယာတွေကို ပိတ်ပင်တားမြစ်ထားခဲ့တဲ့အပြင် သတိပေးချက် ထုတ်ပြန်ဖို့ ပျက်ကွက်ခဲ့တဲ့အတွက် တောင်ကိုရီးယားစစ်တပ်ကို ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။

— ကိုးကား —
အေပီ
Ref; Seoul’s reprisal blows up after North Korean missile success

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။