Trending Now

မလေးရှားနိုင်ငံမှာ အဝေးပြေးကားလမ်းပေါ် လေယာဉ်ငယ်ပျက်ကျလို့ လူ ၁၀ ဦး သေဆုံး

Spread the love

မလေးရှားနိုင်ငံမှာ အဝေးပြေးကားလမ်းပေါ် လေယာဉ်ငယ်ပျက်ကျလို့ လူ ၁၀ ဦး သေဆုံး

EPN
နိုင်ငံတကာ၊ သြဂုတ် ၁၈

မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ်၊ ရှာလမ်မြို့အနီးက အဝေးပြေးလမ်းပေါ်မှာ လေယာဉ်ငယ်တစ်စီး သြဂုတ်လ ၁၇ ရက်နေ့က ပျက်ကြခဲ့လို့ စုစုပေါင်း လူ ၁၀ ဦး သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

“လက်ရှိအချိန်မှာတော့ လေယာဉ်ပျက်ကျမှုမှာ အနည်းဆုံး လူ ၁၀ ဦး သေဆုံးခဲ့တယ်လို့ ပြောနိုင်ပါတယ်။ မော်တော်ဆိုင်ကယ်ယာဉ်မောင်း တစ်ဦး၊ ကားသမားတစ်ဦးနဲ့ လေယာဉ်ပေါ်ပါ ရှစ်ဦးလုံး သေဆုံးခဲ့ပါတယ်။” လို့ ရှာလမ်ရဲမှူးက အေအက်ဖ်ပီကို ပြောပါတယ်။

ခရီးသည်ခြောက်ဦးနဲ့ အမှုထမ်းနှစ်ဦးလိုက်ပါလာတဲ့ ပုဂ္ဂလိကဂျက်လေယာဉ်ဟာ လန်ကာဝီအပန်းဖြေကျွန်းကနေ ဆီလန်ဂေါမြို့မှာရှိတဲ့ လေဆိပ်ကို ထွက်ခွာလာစဉ် မွန်းလွဲ ၂ နာရီ ၁၀ မိနစ်ခန့်မှာ ပျက်ကျခဲ့တာဖြစ်ပါတယ်။

လေယာဉ်ဟာ လေကြောင်းထိမ်းချုပ်ရေးစင်တာနဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့ပြီးနောက် အဝေးပြေးလမ်းမကြီးပေါ်က ဆိုင်ကယ်တစ်စီးနဲ့ ကားတစ်စီးကိုဝင်ရောက်တိုက်မိခဲ့တာဖြစ်ကြောင်း ဆီလန်ဂေါရဲတပ်ဖွဲ့အကြီးအကဲ ဟူစိန်အိုမာခန်း က သတင်းထောက်တွေကို ပြောပါတယ်။

လေယာဉ်ပျက်ကျမှုအကြောင်းရင်းကို စုံစမ်းစစ်ဆေးဖို့အတွက် black box ကိုရှာဖွေနေဆဲဖြစ်ကြောင်း သယ်ယူပို့ဆောင်ရေးဝန်ကြီး အန်ထော်နီလုပ်ခ် က ပြောကြားခဲ့ပြီး “စုံစမ်းမှုတွေ လုပ်နေတုန်းမို့လို့ အခုလောလောဆယ် မှတ်ချက်မပေးနိုင်သေးဘူး။ ဒီမတော်တဆမှုနဲ့ ပတ်သက်ပြီး လူတွေက ထင်ကြေးပေးတာမျိုး မလုပ်ကြဖို့ မျှော်လင့်ပါတယ်။” လို့ ပြောပါတယ်။

Ref; CNA

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။