Trending Now

ရောဂါကူးစက်မှု မြင့်တက်နေလင့်ကစား စီးပွားရေးလုပ်ငန်းများကို မထိန်းချုပ်ဟု အီရန် ပြော

Spread the love

ရောဂါကူးစက်မှု မြင့်တက်နေလင့်ကစား စီးပွားရေးလုပ်ငန်းများကို မထိန်းချုပ်ဟု အီရန် ပြော

EPN
နိုင်ငံတကာ၊ ဇွန် ၈

မကြာသေးမီက ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု လှိုင်းအသစ်များ ထပ်မံဖြစ်ပေါ်လာသော်လည်း စီးပွားရေး လုပ်ငန်းများကို ဆက်ထိန်းထားရန်အတွက် ရွေးချယ်စရာမရှိကြောင်း အီရန်အစိုးရက ပြောကြားခဲ့သည်။

အီရန်နိုင်ငံတွင် ပြီးခဲ့သည့် ကြာသပတေးနေ့အတွင်းက ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက် ၃၅၇၄ဦး ရှိပြီး ကူးစက်မှုမှာ စံချိန်တွင် မြင့်တက်လာခဲ့စဉ် အဆိုပါမှတ်ချက်များ ထွက်ပေါ်လာခြင်းဖြစ်သည်။

အီရန်နိုင်ငံတွင် တနင်္ဂနွေနေ့အတွင်း ရောဂါဖြစ်ပွားမှု စုစုပေါင်း၏ ၁၇၁၇၈၉ အထိရှိခဲ့ပြီး အရှေ့အလယ် ပိုင်းဒေသတွင်အမြင့်ဆုံးဖြစ်ပြီး တူရကီနိုင်ငံထက် ကူးစက်ခံရသူဉီးရေ ပိုများနေခဲ့သည်။

စနေနေ့အတွင်းက တိုင်းပြည်၏ဆေးဘက်ဆိုင်ရာ ၀န်ဆောင်မှုများ လည်ပတ်နေပြီး ကူးစက်ရောဂါများ ကိုကာကွယ်ရန်နှင့် စီးပွားရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန်အတွက် သေချာစွာဆောင်ရွက်ရန် မှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ကြောင်း အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီက ပြောကြားခဲ့သည်။

၎င်း၏ မှတ်ချက်စကားများသည် အစိုးရအနေဖြင့် စီးပွားရေးလုပ်ငန်းများအပေါ် ကန့်သတ်ချက်များ ပြန် လည်ထားရှိရန် ဆိုလိုခြင်းဖြစ်သည်။

အမေရိကန်ပြည်‌ထောင်စုသည် အီရန်နိုင်ငံ၏ ရေနံစိမ်းတင်ပို့မှုကို ပိတ်ပင်ထားသောကြောင့် အီရန်နိုင်ငံ တွင် ငွေကြေးဖောင်းပွမှုနှုန်း ၃၀ရာခိုင်နှုန်းမြင့်တက်လာပြီး အဆိုပါဒဏ်ကို အီရန်နိုင်ငံအနေဖြင့် ရင် ဆိုင်နေရကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။

အစောပိုင်းကာလများတွင် ပိတ်ဆို့မှုများ ပြုလုပ်ခဲ့မှုနှင့်အတူ အီရန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မှာ မတ်လတွင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီးနောက် ပြန်လည်ကျဆင်းခဲ့ပြီဖြစ်သည်။

အစိုးရအနေဖြင့် စီးပွားရေးလုပ်ငန်းများကို ဧပြီလအတွင်းက ပြန်လည်စတင်ရန် ခွင့်ပြုခဲ့သော်လည်း မေ လထဲတွင် ရောဂါကူးစက်မှုနှုန်းများမှာ ပြန်လည်မြင့်တက်လာခဲ့သည်။

–ကိုးကား-
အန်အိတ်ချ်ကေ
Ref; Iran won’t curb businesses as infections rise


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။