Trending Now

ဧရာဝတီတိုင်း မြို့နယ် သုံးခုတွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းဆောင်တစ်ခု နှင့် နေအိမ် ၃၀ နီးပါး ပျက်စီးခဲ့

Spread the love

ဧရာဝတီတိုင်း မြို့နယ် သုံးခုတွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းဆောင်တစ်ခု နှင့် နေအိမ် ၃၀ နီးပါး ပျက်စီးခဲ့

EPN
အင်္ဂပူ၊ မေလ ၂၇

ဧရာဝတီတိုင်းဒေသရှိ အင်္ဂပူမြို့နယ် ပန်းတနော်မြို့နယ်နှင့် ဟိုင်းကြီးကျွန်းမြို့နယ်တို့တွင် မေလ ၂၅ ရက်နေ့မှ ၂၆ ရက်နေ့အတွင်း တိုက်ခတ်ခဲ့သည့် မိုးသက်လေပြင်းကြောင့် နေအိမ် ၃၀ နီးပါး ပျက်စီးခဲ့ပြီး စာသင်ကျောင်း ဆောင်တစ်ခု အမိုးလန်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ မိုးသက်လေပြင်းကြောင့် အင်္ဂပူမြို့နယ်တွင် နေအိမ် ၁ လုံးပြိုကျပြီး၊ ၈ လုံးအမိုး လန်ပျက်စီးခဲ့ကာ ပန်းတနော်မြို့နယ်တွင်နေအိမ် ၁၇လုံး ပြိုကျခဲ့ပြီး ဟိုင်းကြီးကျွန်းမြို့နယ်၊ကံချိုင်ကျေးရွာအုပ်စု ဘန့်ဘွေးကျေးရွာအခြေခံပညာစာသင်ကျောင်း ဆောင်(၁)ဆောင်အမိုးလန်ပျက်စီးခဲ့ခြင်းဖြစ်သည်။

”လေတိုက်ချက်ကပြင်းတယ ်ရုတ်တရက်တိုက်ခတ် သွားတာပါ ဒါ့ကြောင့်လေပြင်းဒဏ်ခံရတာပါ ယာယီမိသားစုတွေအိမ်မှာ ရွှေ့ပြောင်းနေပါတယ် အိမ်တွေပျက်လူတွေတော့ ဒုက္ခရောက်တာပေါ့ သေတာတော့မသေပါဘူး”ဟု လေဘေးသင့် ဒေသခံတစ်ဦးကပြောသည်။

အဆိုပါ တိုက်ခတ်ခဲ့သည့်လေပြင်းဒဏ်ကြောင့် လူနှင့် တရိစ္ဆာန်များ သေဆုံးခြင်းထိခိုက်ခြင်းမရှိသော်လည်း လူဦးရေ ၄၀ ကျော် သဘာဝဘေးဒဏ်ခံခဲ့ရကြောင်း သိရသည်။

”ပျက်စီးမှုစရင်းများကို မြေပြင်းအုပ်ချုပ်ရေးအဖွဲ့များဆောင်ရွက်နေပါတယ်ပျက်စီးဆုံးရှုံးရသူတွေကိုလည်း သတ်မှတ်စံချိန်စံညွန်းများအတိုင်းဆောင်ရွက်ပံ့ပိုး ပေးသွားမှာဖြစ်ပါတယ် ယခုကာလက မိုးဦးကာလ ဖြစ်တာမို့ ရေဘေး လေဘေးများကို ပြည်သူများက သတိပြုကြဖို့လိုအပ်ပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနတာဝန်ရှိသူတစ်ဦးကပြောသည်။

လေပြင်းတိုက်ခတ်မှုဒဏ်ကြောင့် ပြိုကျအမိုး လန်ပျက်စီးခဲ့ရသည့် လူနေအိမ်များသည် သွပ်မိုး၊ ပျဉ်ခင်း၊ဘုတ်ခံအိမ်များနှင့် ဓနိမိုး၊ပျဉ်းခင်း၊ ထာရံကာအိမ်များ ပျက်စီးခဲ့ခြင်းဖြစ်ပြီး၊ လေဘေးသင့် ပြည်သူများကို တစ်ပတ်အတွင်း ထောက်ပံ့ငွေပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။