Trending Now

ဥပဒေဘာသာရပ်ဖြင့်ကျောင်းပြီးထားသောရှမ်းလူငယ်များကိုကူညီဆောင်ရွက်ပေးသွားမည်

Spread the love

ဥပဒေဘာသာရပ်ဖြင့်ကျောင်းပြီးထားသောရှမ်းလူငယ်များကိုကူညီဆောင်ရွက်ပေးသွားမည်

EPN
မြစ်ကြီးနား၊ ဇွန် ၆

ဥပဒေဘာသာရပ်ဖြင့်ကျောင်းပြီးထားသောရှမ်းလူငယ်များကို လိုအပ်သည့်အကူအညီများကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများဥပဒေအသိပညာပြန့်ပွားရေးနှင့်အကူညီပေးရေးအသင်းတာဝန်ရှိသူ ဦးစိုင်းလှကျော်ပြောသည်။

မြစ်ကြီးနားမြို့၊ခေမာသီရိရပ်ကွက်အတွင်းရှိ ရှမ်းမျိုးနွယ်စုဓမ္မာရုံတွင် ရှမ်းတိုင်းရင်းသားများ ဥပဒေအသိပညာ ပြန့်ပွားရေးနှင့်အကူညီပေးရေးအသင်း ဖွဲ့စည်းပုံ အတည်ပြုရေးနှင့် မိတ်ဆက်ခြင်းအခမ်းအနားကို ယမာန်နေ့ နံနက် ၉ နာရီတွင်ကျင်းပပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့သျှမ်းလူငယ်တွေအပြင်တခြားတိုင်းရင်းသားတွေလဲတက်လို့ရပါတယ်။ဒါပေမယ့် ကျွန်တော်တို့ရှမ်းလူငယ်တွေကိုအဓိကထားပြီးလုပ်ပေးမှာပေါ့နော်။ရှမ်းလူငယ်တွေအနေနဲ့ ၁၀တန်းအောင်ပြီးရင်ဥပဒေပညာကိုစိတ်ဝင်စားတယ်ဆိုရင်Lawကျောင်းတက်ခဲ့ပါပြီးရင်ကျွန်တော်တို့ဆီကိုလာခဲ့ ပညာလာသင်ပါလို့ဖိတ်ခေါ်ပါတယ်” ဟု ကိုစိုင်းလှကျော်က ပြောသည်။

၎င်းအပြင်ရှမ်းလူငယ်ထုများအကြားမူးယစ်ဆေးဝါးသုံးစွဲမှုများအဆမတန်မြင့်တက်လာသောကြောင့် အသင်းကိုတရားဝင်မှတ်ပုံတင်ပြီးပါကထိထိရောက်ရောက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းကထပ်မံပြောသည်
“မူးယစ်ဆေးဝါးကိစ္စတော့အခုလောလောဆယ်တော့ မလုပ်သေးပါဘူး။ ကျွန်တော်တို့အသင်းကအခုမှစဖွဲ့တယ်ဆိုတော့ ကြိုးစားရအုံးမှာပေါ့။ဒါပေမယ့်နောက်ပိုင်းမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဆိုတဲ့အသင်းအဖွဲ့တွေဖွဲ့စည်းသွားလုပ်မှာပါ ။ဖွဲ့စည်းပြီးတာနဲ့ထိထိရောက်ရောက်လုပ်ဆောင်သွားပါမယ်။အခုလောလောဆယ်တော့ ယခုလက်ရှိဖွဲ့စည်းထားတဲ့အဖွဲ့စည်းအခိုင်အမာလုပ်ဆောင်ပြီးမှ ကျန်တာတွေကိုဆက်သွားမှာပါ”ယင်းကပြောသည်။

အဆိုပါ ရှမ်းတိုင်းရင်းသားများဥပဒေအသိပညာပြန့်ပွားရေးနှင့်အကူညီပေးရေးအသင်း၏တရားဝင်မှတ်ပုံတင်ခြင်းကိုယခုလအတွင်းပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

နန့်ခူး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။