Trending Now

ခေတ်အဆက်ဆက် ကုန်သွယ်မှုလိုငွေဖြစ်ခဲ့ရာမှ နစက အစိုးရလက်ထက်၌ ကုန်သွယ်မှုပိုငွေဖြစ်ပေါ်စေရန် လုပ်ဆောင်နိုင်ခဲ့ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

Spread the love

ခေတ်အဆက်ဆက် ကုန်သွယ်မှုလိုငွေဖြစ်ခဲ့ရာမှ နစက အစိုးရလက်ထက်၌ ကုန်သွယ်မှုပိုငွေဖြစ်ပေါ်စေရန် လုပ်ဆောင်နိုင်ခဲ့ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

EPN
မြစ်ကြီးနား ၊နိုဝင်ဘာ ၁၈

ခေတ်အဆက်ဆက် ကုန်သွယ်မှုလိုငွေဖြစ်ခဲ့ရာမှ နစက အစိုးရလက်ထက်၌ ကုန်သွယ်မှုပိုငွေ ၁ ဒသမ ၀၈ ဘီလီယံ ရရှိအောင် လုပ်ဆောင်နိုင်ခဲ့ကြောင်း ု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုလိုက်သည်။

ယနေ့ ကျင်းပပြုလုပ်သည့် နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ ၂၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲအတွင်း သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်ပသို့ ပဲမျိုးစုံတင်ပို့ရာတွင်လည်း ၂၀၁၁ ခုနှစ်တွင် တန်ချိန် ၁ သိန်း ၃ သောင်းကျော်၊ ၂၀၁၆ ခုနှစ်တွင် ၁ သန်း ၃ သိန်းကျော်၊ ၂၀၂၁ ခုနှစ်တွင် ၁ သန်း ၉ သိန်းကျော်နှင့် ၂၀၂၂ ခုနှစ်၊အောက်တိုဘာလအထိ ယာယီစာရင်းများအရ ၁ သန်း ၆ သိန်းကျော်တင်ပို့ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ဒါ့အပြင် ၂၀၂၁ ခုနှစ်သည် ၂၀၁၆ ခုနှစ်ထက် ပဲမျိုးစုံတန်ချိန် ၅ သိန်း ၉ သောင်းကျော်၊ ၂၀၁၁ ခုနှစ်ထက် တန်ချိန် ၁ သန်း ၈ သိန်းကျော် ပိုမိုတင်ပို့နိုင်ခဲ့သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်အရ သိရသည်။

“အစိုးရအနေနဲ့ကတော့ စီးပွားရေးဦးတည်ချက် ၃ ရပ်ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ် အခက်အခဲအတားအဆီးတွေကြားကနေ နိုင်ငံစီးပွားရေးပြန်လည်တိုးတက်လာစေဖို့ကို ကြိုးစားနေပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

မြန်မာနိုင်ငံ၏ အဓိကလယ်ယာထွက်ကုန်များဖြစ်သည့် ဆန်၊ဇကွဲ၊ပြောင်း၊ပဲမျိုးစုံအား ပြည်ပနိုင်ငံများသို့ နှစ်စဉ်တင်ပို့လျက်ရှိရာ ဆန်တင်ပို့ရာ၌ ဆန်တန်ချိန် ၂၀၁၁ ခုနှစ်တွင် ၇ သိန်း ၅ သောင်းကျော်၊ ၂၀၁၆ ခုနှစ်တွင် ၉ သိန်း ၄ သောင်းကျော်၊ ၂၀၂၁ ခုနှစ်တွင် ၁ ဒသမ ၁ သန်းကျော်တင်ပို့နိုင်ခဲ့သည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

“ကျွန်တော်တို့အနေနဲ့ ၂၀၂၁ ခုနှစ်မှာ ၂၀၁၁ ခုနှစ်ထက် ဆန်တန်ချိန် ၃ သိန်း ၁ သောင်းကျော်ပိုပြီးတင်ပို့နိုင်ခဲ့တာကိုတွေ့ရမှာဖြစ်ပါတယ် အဲဒီလိုပဲ ဆန်နဲ့ဆက်စပ်နေတဲ့ ဇကွဲနဲ့တခြားဆက်စပ်ပစ္စည်းတွေကိုလည်း ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။

ကုန်သွယ်မှုလိုငွေဖြစ်ခဲ့ရာမှ ကုန်သွယ်မှုပိုငွေဖြစ်ပေါ်စေရန် ဆောင်ရွက်နိုင်ခဲ့သလို အစိုးရအနေဖြင့် စီးပွားရေးဦးတည်ချက် ၃ ရပ် ချမှတ်၍ အခက်အခဲအတားအဆီးများကြားမှ စီးပွားရေး ပြန်လည်တိုးတက်လာစေရန် ကြိုးစားလျက်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့သည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။