Trending Now

စစ်ရာဇဝတ်မှုနဲ့ ရုရှားသမ္မတ ပူတင်ကို ICC က ဖမ်းဝရမ်းထုတ်

Spread the love

စစ်ရာဇဝတ်မှုနဲ့ ရုရှားသမ္မတ ပူတင်ကို ICC က ဖမ်းဝရမ်းထုတ်

EPN
နိုင်ငံတကာ၊ မတ် ၁၈

ယူကရိန်းကလေးတွေကို တရားမဝင် ပြည်နှင်ဒဏ်ပေးတယ်ဆိုတဲ့ စစ်ရာဇဝတ်မှုစွပ်စွဲချက်နဲ့ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ နိုင်ငံတကာ ရာဇဝတ်တရားရုံးက မတ် ၁၈ ရက် သောကြာနေ့မှာ ကြေညာလိုက်ပါတယ်။

ရုရှားနိုင်ငံဘက်က အဆိုပါအမိန့်တွေကို ပယ်ချခဲ့ပေမယ့် ရုရှားဟာ နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) အဖွဲ့ဝင် မဟုတ်တာကြောင့် ရုရှားသမ္မတကို လွဲအပ်ခံရခြင်း ရှိ၊မရှိကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ဒီထုတ်ပြန်ချက်ကို ယူကရိန်းနိုင်ငံဘက်က ကြိုဆိုလက်ခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပြီး သမိုင်းဝင် ဖမ်းဝရမ်းဟာ “အစ”သာရှိသေးကြောင်း ယူကရိန်းအစိုးရရှေ့နေချုပ်က ပြောကြားခဲ့ပါတယ်။

တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင့်ရဲ့မော်စကို ခရီးစဉ်အပါအဝင် ယူကရိန်းစစ်ပွဲကို သိသိသာသာ ထိရောက်မှုရှိစေမယ့် အခြားသတင်းတွေ ထွက်ပေါ်လာပြီးနောက် နာရီပိုင်းအကြာမှာ တရားရုံးရဲ့ သတိပေးချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင် နိုင်ငံခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ရုရှားသမ္မတ ပူတင် ကို ဖမ်းဝရမ်းထုတ်လိုက်တာဟာ နိုင်ငံတကာ ရာဇဝတ်ခုံရုံးအတွက် မကြုံစဖူးတဲ့ ခြေလှမ် တစ်ခုဖြစ်ပါတယ်။

ref; FN

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။