Trending Now

ပန်းတနော်မြို့နယ်တွင် ကမ်းပါးပြိုကျမှု အန္တရာယ်ရှိ လာနိုင်သည့်အတွက် နေအိမ် ၁၅ လုံးကြိုတင်ဖျက် သိမ်းပြောင်းရွှေ့ခဲ့ရ

Spread the love

ပန်းတနော်မြို့နယ်တွင် ကမ်းပါးပြိုကျမှု အန္တရာယ်ရှိ လာနိုင်သည့်အတွက် နေအိမ် ၁၅ လုံးကြိုတင်ဖျက် သိမ်းပြောင်းရွှေ့ခဲ့ရ

EPN
ပန်းတနော် သြဂုတ် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊ပန်းတနော်မြို့နယ် တွင် ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်းပါးပြိုကျ မှုဖြစ်ပွားနေပြီး နေအိမ်များမပြောင်းရွှေ့ပါက ကမ်းပါးပြိုကျမှုအန္တရာယ်ရှိလာနိုင်သည့်အခြေအနေရှိနေ သည့်အတွက် မနေ့ ဩဂုတ် ၁၆ ရက်က နေအိမ် ၁၅ လုံးကို အရေးပေါ်ဖျက်သိမ်း ပြောင်းရွှေ့ခဲ့ရကြောင်း ပြောင်းရွှေ့ခဲ့ရသည့် ဒေသခံများထံမှသိရသည်။

ပန်းတနာ်မြို့နယ်တွင် မြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျသဖြင့်ရွှေ့ပြောင်းခဲ့ရသည့် နေအိမ် ၁၅ လုံးမှာ တောကျောင်းကျေးရွာအုပ်စု၊ နံဂါတ်ရိုးကျေးရွာမှ အိမ် ၁၄ လုံး၊ ကျောင်းတော်ကလေးကျေးရွာမှ နေအိမ် ၁ လုံးတို့ ဖြစ်ပြီး မြစ်ကမ်းပါး ဆက်လက်ပြိုကျလာနိုင်ပြီးအန္တရာယ် ရှိလာနိုင်သဖြင့် ကမ်းပြို ဘေးလွတ်ရာဖြစ်သည့် နီးစပ်ရာ ဆွေမျိုးများ၏ နေအိမ်များကို ယာယီပြောင်းခဲ့ရခြင်း ဖြစ်ကြောင်းသိရသည်။

”မြစ်ကမ်းပါပြိုကျမှုကြောင့် မြစ်ကမ်းနဲ့နီးတဲ့ တောကျောင်းကျေးရွာအုပ်စု နံဂါတ်ရိုး ကျေးရွာမှ အိမ် ၁၄ လုံးနဲ့ကျောင်းတော်ကလေးကျေးရွာ အိမ်တစ်လုံး စုစုပေါင်း အိမ် ၁၅ လုံးက အိမ်ထောင်စု ၁၅ စုကို ကမ်းလွတ်ရာဖြစ်သော နီးစပ်သည့် ဆွေမျိုးသားချင်း နေအိမ်တွေယာယီပြောင်းရွှေ့ပေးခဲ့တာပါ၊ ဆက်လက်ပြီး တော့ကမ်းပြိုဘေးလွတ်တဲ့ မြေကွက်လပ်တွေမှာအိမ်တွေ ပြန်လည်ဆောက်လုပ်နိုင်ဖို့ ကျေးရွာ အုပ်ချုပ်ရေးမှူးက ဒေသခံပြည်သူများက ကူညီဆောင်ရွက်ပေးမှာပါ၊အိမ်တွေမပြောင်းရင် လူတွေပါ ရုတ်တရက်အန္တရာယ်ရှိလာနိုင်လို့ပြောင်းရွှေ့တာပါ”ဟ ုနေအိမ်များ ကူညီရွှေ့ပြောင်းပေးသူတစ်ဦးက ပြောသည်။

အဆိုပါ ကမ်းပြိုကျမှုကြောင့် လူနှင့် တရိစ္ဆာန်များထိခိုက် သေဆုံးခြင်းမရှိပဲ ဓနိမိုး မြေစိုက်နေအိမ်များနှင့် သွပ်မိုး၊ ပျဉ်ခင်း အုပ်ခံအိမ်များကိုဖျက်သိမ်းပြီးကြိုတင်ရွှေ့ပြောင်းခဲ့ရခြင်းဖြစ်ပြီး လက်ရှိကမ်းပြိုကျနေသည့် ကျေးရွာတွင် ယခုနှစ်အတွင်း ကမ်းပြိုကျမှု ၂ ကြိမ်ဖြစ်ပွားခဲ့ဖူးပြီး နေအိမ် ၂၆ လုံးကိုအရေး ပေါ်ဖျက်သိမ်းရွှေ့ပြောင်းခဲ့ရသေးကြောင်း သိရသည်။

သူရ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။