Trending Now

အမေရိကန် အထက်လွှတ်တော်အမတ် ကိုဗစ်-၁၉ ကူးစက်ခံထားရ

Spread the love

အမေရိကန် အထက်လွှတ်တော်အမတ် ကိုဗစ်-၁၉ ကူးစက်ခံထားရ
 

EPN
နိုင်ငံတကာ မတ် ၂၃

ကွန်တပ်ကီပြည်နယ်မှ ရီဗက်ပလီကင်အမတ် ရန်ပေါလ်မှာ တိုင်းပြည်တစ်ဝန်း လူပေါင်း ၃၃၀၀၀ ကျော် ကူးစက်ခံထားရသော အမေရိကန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည့် ပထမဆုံးသော အထက်လွှတ်တော် အမတ် ဖြစ်လာခဲ့သည်။

ကျန်းမာရေးကောင်းမွန်ပြီး သီးသန့်ခွဲ၍နေထိုင်နေသည်ဟု ရန်ပေါလ်၏ရုံးက တွစ်တာ၌ ထုတ်ပြန်ချက် တစ်ခုအတွင်း ပြောကြားသည်။

ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ အရေးပေါ်ဥပဒေပြဌာန်းရေး သဘောတူညီချက်တစ်ရပ်ရ ရှိရန် ဒီမိုကရက်နှင့် ရီဗက်ပလီကင်အမတ်များကြား ပြိုင်ဆိုင်နေကြစဉ် ထိုကြေညာချက် ပြုလုပ်ခြင်းဖြစ်သည်။

ပေါလ်သည် လွန်ခဲ့သောနှစ်နှစ်က ကွန်တပ်ကီပြည်နယ်၊ လူးဝစ်ဗီလီမြို့၌ အခမ်းအနားတစ်ခု တက် ရောက်ခဲ့ပြီး အဆိုပါပွဲတက်ရောက်ခဲ့သည့် လူများစွာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း သိရသည်။

ပေါလ်နှင့် စကားပြောဆိုခဲ့ပြီး အထက်လွှတ်တော်အမတ်မှာ ကျန်းမာရေးကောင်းမွန်ကြောင်း သမ္မတ ဒေါ်နယ်ထ ရမ့်က ပြောသည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့ကလည်း ဖလော်ရီဒါပြည်နယ်မှ ရီဗက်ပလီကင်အမတ် မာရီယိုဒီအတ်ဇ်ဘာလတ်နှင့် ယူတာပြည်နယ်မှ ဒီမိုကရက်အမတ် ဘန်မတ်အဒမ်တို့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း ကြေညာခဲ့သည်။

သီးသန့်ခွဲနေသည့်ကာလ ပြီးဆုံးလျင် အထက်လွှတ်တော်အတွင်း ပြန်လည်ဝင်ရောက်ရန် ပေါလ်က မျှော် မှန်းနေပြီး ယခုကဲ့သို့ ခက်ခဲသောအချိန်တွင် ကွန်တပ်ကီပြည်နယ်နေ ပြည်သူများအတွက် ဆက်လက်ဆောင်ရွက် လိုကြောင်း သူ၏ရုံးက ပြောကြားသည်။

ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ဖော်ပြချက်အရ ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၃၃၆၀၀၀ နီးပါး ရှိပြီး သေဆုံးသူ ၁၄၆၀၀ ကျော်ရှိသည်။ အမေရိကန်နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၃၃၂၇၀ ကျော်ရှိပြီး သေ ဆုံးသူ ၄၁၇ ဦးရှိကြောင်း သိရသည်။

–ကိုးကား–စီအင်န်အင်န်
Ref; First US senator tests positive for coronavirus


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။