Trending Now

အသက် ၁၈ နှစ်အရွယ်အထိ စာမတတ်ခဲ့တဲ့ အမျိုးသားဟာ ကမ်းဘရစ်ချ် တက္ကသိုလ်ရဲ့ အသက်အငယ်ဆုံး ပါမောက္ခဖြစ်လာ

Spread the love

အသက် ၁၈ နှစ်အရွယ်အထိ စာမတတ်ခဲ့တဲ့ အမျိုးသားဟာ ကမ်းဘရစ်ချ် တက္ကသိုလ်ရဲ့ အသက်အငယ်ဆုံး ပါမောက္ခဖြစ်လာ

EPN
နိုင်ငံတကာ၊ မတ် ၃

ဂျေဆန် အာဒေးဆိုတဲ့ အမျိုးသားဟာ အသက် ၁၈ နှစ်အရွယ်အထိ ပညာသင်ကြားနိုင်ခြင်းမရှိခဲ့ပေမယ့် ကမ်းဘရစ်ချ် တက္ကသိုလ် ရဲ့ အသက်အငယ်ဆုံး ပါမောက္ခတစ်ယောက်ဖြစ်လာခဲ့ပါတယ်။

The Guardian သတင်းဌာနရဲ့ အဆိုအရာ အာဒေးဟာ အသက်သုံးနှစ်အရွယ်မှာ ဖွံ့ဖြိုးမှုနှေင့်နှေးတဲ့ရောဂါနဲ့ အော်တစ်ဇင်ရောဂါရှိနေတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

သူ့မိသားစုက တစ်သက်လုံး ထောက်ပံ့ရမယ်လို့ ထင်ခဲ့ပေမယ့် အသက် ၃၇ နှစ်အရွယ် အာဒေးဟာ စိန်ခေါ်မှုအားလုံးကို အံတုနိုင်ခဲ့ပြီး သူ့ရဲ့ ပါမောက္ခရာထူးကို မတ်လ ၆ ရက်နေ့မှာ စတင် တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

အာဒေးက အဆင့်မြင့်ပညာရေးကို ဆင်းရဲနွမ်းပါးတဲ့ လူနည်းစုတွေ သင်ယူနိုင်ဖို့အတွက် အဓိကထား လုပ်ဆောင်သွားမယ်လို့ ဘီဘီစီကို ပြောဆိုခဲ့ပါတယ်။

“ကျနော့်အလုပ်က ဆင်းရဲနွမ်းပါးတဲ့ နောက်ခံကလူတွေကို တံခါးဖွင့်ပေးနိုင်ဖို့နဲ့ အဆင့်မြင့်ပညာရေးကို လူတိုင်းသင်ကြားခွင့်ရအောင် ဘယ်လိုလုပ်ရမလဲ ဆိုတဲ့အပေါ်မှာ အဓိက အာရုံစိုက်ထားပါတယ်။” လို့ သူက ပြောဆိုခဲ့ပါတယ်။

အာဒေးဟာ အသက် ၁၁ နှစ်အရွယ်အထိ စကားမပြောနိုင်ခဲ့ပေမယ့် သူလမ်းညွန်ဆရာနဲ့ သူငယ်ချင်းတွေရဲ့ အကူအညီကြောင့် ဆယ်ကျော်သက်အရွယ်မှာ စာအနည်းငယ်ရေးတတ် ဖတ်တတ်လာခဲ့ပါတယ်။

အဲ့ဒီနောက် သူဟာ ဆာရေး တက္ကသိုလ်ကနေ ကာယပညာနဲ့ ပညာရေးဆိုင်ရာ ဘာသာရပ်နဲ့ ဘွဲတစ်ခုရရှိခဲ့ပြီး ဆရာတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် သူဟာ မဟာဘွဲ့နှစ်ခုနဲ့ ပါရဂူဘွဲ့တွေကို ကြိုးစားသင်ယူခဲ့ပါတယ်။

၂၀၁၈ ခုနှစ်မှာ သူ့ရဲ့ ပထမဆုံး စာတမ်းကိုထုတ်ဝေခဲ့ပြီး နောက်ပိုင်းမှာ ဒူဟန် တက္ကသိုလ်ရဲ့ လူမှုဗေဒဆိုင်ရာ တွဲဖက်ပါမောက္ခဖြစ်လာခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်မှာတော့ ယူကေမှာရှိတဲ့ တက္ကသိုလ်တစ်ခုရဲ့ အသက်အငယ်ဆုံး ပါမောက္ခဖြစ်လာခဲ့ပါတယ်။

အာဒေးက သူ့မှာ လုံလောက်တဲ့ အရည်အချင်းတွေ မရှိခဲ့ပေမယ့် ကြိုးစားပြီးလုပ်ဆောင်နိုင်ခဲ့လို့ ဂုဏ်ယူမိတယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်မှာတော့ သူဟာ ကမ်းဘရစ်ချ်တက္ကသိုလ်ရဲ့ အသက်အငယ်ဆုံး ပါမောက္ခအဖြစ် မတ်လ ၆ ရက်နေ့မှာ တာဝန်ထမ်းဆောင်ရတော့မှာ ဖြစ်ပါတယ။်

ref; Man who could not read or write till the age of 18 to become Cambridge professor

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။